
AFC/ MFF B Diploma Coaching Course Part 1 သင်တန်းဖွင့်ပွဲ ကျင်းပ
November 28, 2022
MFF Futsal Championship 2022 ဗိုလ်လုပွဲအပြီး ဖြစ်ရပ်များအား စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ စစ်ဆေး၍ ပြစ်ဒဏ်များ ချမှတ်
November 29, 2022ထိုင်းလက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ အပါအဝင် ထိုင်းလိဂ် ကလပ်အသင်း အချို့နှင့် ခြေစမ်းပွဲများအတွက် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် ယနေ့ မွန်းလွဲ ၁၂ နာရီက ရန်ကုန်မြို့မှ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့သည်။ ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် အသင်းတည်းခိုရာ ဟိုတယ်သို့ ရောက်ရှိပြီးနောက် ဒေသစံတော်ချိန် ညနေ ၆း၃၀ နာရီတွင် BG Pathum United F.C. အသင်း လေ့ကျင့်ရေးကွင်းတွင် စတင်လေ့ကျင့်မှု ပြုလုပ်ခဲ့သည်။
ကစားသမား ၂၅ ဦးပါဝင်သည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ၆း၀၀ နာရီတွင် ထိုင်းလိဂ်(၁) အသင်း Chonburi F.C. အသင်းနှင့် ကွင်းပိတ် ခြေစမ်းပွဲ ကစားမည် ဖြစ်သည်။ ယင်းနောက် ဒီဇင်ဘာ ၃ ရက်နှင့် ၇ ရက်တို့တွင်လည်း ထိုင်းကလပ်များနှင့် ခြေစမ်းပွဲ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ထိုင်းလက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

