ပဉ္စမအကြိမ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်စ် ကျင်းပပြီးစီး
November 29, 2022AFF Mitsubishi Electric Cup 2022 အတွက် Media Accreditation Form များလျှောက်ထားနိုင်
December 1, 2022ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများ ပြုလုပ်နေသည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် ယနေ့ ဒေသစံတော်ချိန် ညနေ (၆း၀၀)နာရီက ထိုင်းလိဂ် အဆင့်(၂)ရရှိထားသည့် ချွန်ဘူရီ အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၄)ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ ချွန်ဘူရီ အသင်း အိမ်ကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အဆိုပါ ခြေစမ်းပွဲတွင် ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းသည် ပထမပိုင်း ၁၁ ဦး၊ ဒုတိယပိုင်း ၁၁ ဦး မတူညီသည့် ပွဲထွက်လူစာရင်းဖြင့် ယှဉ်ပြိုင်ခဲ့သလို ချွန်ဘူရီ အသင်းတွင် လည်း မကြာသေးမီက လက်ရွေးစင်မှ အနားယူခဲ့သည့် နောက်ခံလူ ဇော်မင်းထွန်းနှင့် လိဂ်(၁) ကစားသမားများ ပါဝင် ကစားသွားခဲ့သည်။
ပဏာမ မြန်မာအသင်း၏ ပထမပိုင်း ပွဲထွက်စာရင်းတွင် ဂိုး-ကျော်ဇင်ဖြိုး(အသင်းခေါင်းဆောင်)၊ နောက်တန်း- ရဲရင့်အောင်၊ သီဟထက်အောင်၊ ရဲမင်းသူ၊ ဟိန်းဇေယျာလင်း၊ ဝင်းမိုးကျော်၊ အလယ်တန်း- လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ အောင်နိုင်ဝင်း၊ ရှေ့တန်း – အီစိုး၊ ဝင်းနိုင်ထွန်း တို့ပါဝင်ခဲ့ကြပြီး ပွဲချိန် ၄၅ မိနစ်တွင် ဝင်းနိုင်ထွန်းက တန်ပြန်တိုက်စစ်မှ တဆင့် ဂိုးသမားအား ကျော်ချသွင်းယူခဲ့သည်။ ပထမပိုင်းတွင် မြန်မာက ချွန်ဘူရီကို (၀-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဒုတိယပိုင်းတွင် ဂိုး- ဆန်းဆက်နိုင်၊ နောက်တန်း- နန္ဒကျော်၊ ကျော်ဇင်လွင်၊ ဇော်ရဲထွန်း၊ ဒေးဗစ်ထန်း၊ အလယ်တန်း – ရန်နိုင်ဦး၊ ရန်ကျော်ထွေး၊ ဝေလင်းအောင်၊ မြတ်ကောင်းခန့်၊ သက်ဝေမိုး၊ ရှေ့တန်း- နိုင်ဇင်ထက် တို့ဝင်ရောက် ကစားခဲ့ပြီး ပွဲချိန် ၇၀ မိနစ်တွင် ရန်နိုင်ဦး အစား လင်းထက်စိုး ဝင်ရောက် ကစားခဲ့သည်။ ဒုတိယပိုင်း ၅၁ မိနစ်တွင် နိုင်ဇင်ထက်က ဒုတိယ အနိုင်ဂိုး သွင်းပြီးနောက် ၆၆ မိနစ်တွင် ချွန်ဘူရီက တစ်ဂိုး ပြန်ချေပသဖြင့် (၁-၂)ဂိုး ဖြစ်နေခဲ့သည်။ ပွဲချိန် ၈၅ မိနစ်တွင် လင်းထက်စိုး၊ ၈၈ မိနစ်တွင် ရန်ကျော်ထွေး တို့ ဆက်လက် ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းက ချွန်ဘူရီ အသင်းအား (၁-၄)ဂိုးဖြင့် အနိုင်ရခဲ့သည်။