MFF Futsal Championship 2022 ဗိုလ်လုပွဲအပြီး ဖြစ်ရပ်များအား စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ စစ်ဆေး၍ ပြစ်ဒဏ်များ ချမှတ်
November 29, 2022ချွန်ဘူရီ အသင်းအား (၁-၄)ဂိုးဖြင့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်း အနိုင်ရရှိ
November 29, 2022၂၀၂၂ ခုနှစ် ပဉ္စမအကြိမ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကွန်ဂရက်စ် 5th MFF Congress 2022 အခမ်းအနားအား နိုဝင်ဘာ ၂၉ ရက်က Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Salman Bin Ibrahim Al Khalifa နှင့် တာဝန်ရှိသူများ၊ အာဆီယံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Wiston Lee ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ၊ အားကစားနှင့် လူငယ်ရေးရာဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ၊ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်ချုပ် ဦးစိုးမိုးကျော်၊အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ပေါင်း (၂၃၃) မြို့နယ်များမှ တာဝန် ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အခမ်းအနား အစီအစဉ်အရ ပဉ္စမအကြိမ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ညီလာခံ စတင်ကြောင်း ကြေညာခဲ့ပြီး တက်ရောက်လာသော အဖွဲ့ အစည်းများ စာရင်းကို ကြေညာခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၂ ခုနှစ် လှုပ်ရှားမှုများအား Video Clip ဖြင့် ပြသခဲ့ပြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
ဆက်လက်၍ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Salman bin Ibrahim Al Khalifa မှ ကြိုဆိုနူတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း မြန်မာ့ဘောလုံးလောကမှ ကွယ်လွန်ခဲ့သူများအတွက်ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်၍ ဆုတောင်းခြင်း ပြုလုပ်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်မှ ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားပြီး ပဉ္စမအကြိမ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ညီလာခံ အခမ်းအနားအား အစီအစဉ်များအတိုင်း ဆက်လက်ပြုလုပ်ခဲ့သည်။
ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ညီလာခံ အခမ်းအနားသို့ မဲပေးခွင့်ရှိသူ (၂၆၄) ဦးအနက် (၂၃၃) ဦး တက်ရောက်ခဲ့သဖြင့် အခမ်းအနား အစီအစဉ် အတည်ပြုကြောင်း ကြေညာခဲ့သည်။
ယင်းနောက် အွန်လိုင်းမှ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်းများအတွက် ကိုယ်စားလှယ်များမှ ရွေးချယ်ထားသည့် ကြီးကြပ်သူ အဖွဲ့ဝင်(၃)ဦးကို တက်ရောက်လာသူများနှင့် မိတ်ဆက်ပေးခဲ့သည်။ ကြီးကြပ်သူများ အဖြစ် ကျိုက်မရော မြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဉီးစောထူးလေး၊ ရှမ်းယူနိုက်တက်အသင်း အမှုဆောင်ချုပ် ဦးရဲမျိုးထွန်း၊ ဒဂုံဆိပ်ကမ်း မြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်စွာမြင့်တို့ကို မဲပေးခွင့်ရှိသူ (၂၆၄) ဦးအနက် (၂၃၃)ဦးက သဘောတူညီခဲ့သောကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။
ထို့အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ညီလာခံ၏ တရားဝင်မှတ်တမ်းများအတွက် ကိုယ်စားလှယ်များ ရွေးချယ်ထားသည့် စစ်ဆေးမည့် အဖွဲ့ဝင် (၃)ဦးကို ဆက်လက်မိတ်ဆက်ပေးခဲ့သည်။ တရားဝင်မှတ်တမ်းများအတွက် ရွေးချယ်ထားသည့် မင်းဘူးမြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ သီပေါမြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအုန်းလွင်၊ ကျုံပျော်မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်မင်းထွန်း တို့ကို မဲပေးခွင့်ရှိသူ (၂၆၄)ဦးအနက် (၂၃၃)ဦး က သဘောတူ ရွေးချယ်ခဲ့ပါသည်။
ဆက်လက်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ကျင်းပသော စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ညီလာခံ ညီလာခံမှတ်တမ်းအား တင်ပြခဲ့ရာ မဲပေးခွင့်ရှိသူ (၂၆၄)ဦးအနက် (၂၃၃) ဦးက သဘောတူခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌနှင့်ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းမှ ဘဏ္ဍာရေး အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ပြင်ပ (အပြင်) စာရင်းစစ်အဖွဲ့၏ ၂၀၂၁ ဘဏ္ဏာရေးနှစ် အစီရင်ခံစာအား JF Group (Audit Firm) မှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝမ်တင်မှ Video Clip ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏၂၀၂၂ ဘဏ္ဏာရေးနှစ် ရငွေ/သုံးငွေနှင့် လက်ကျန်စာရင်းတင်ပြရာတွင် မဲပေးခွင့်ရှိသူ (၂၆၄)ဦးအနက် (၂၃၃)ဦးက သဘောတူထောက်ခံခဲ့သည်
ထို့အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ငွေစာရင်းနှင့် ပတ်သက်၍ ပြင်ပ (အပြင်) စာရင်းစစ်အဖွဲ့၏ ၂၀၂၁ ဘဏ္ဏာရေးနှစ် အစီရင်ခံစာအား တင်ပြရာတွင် မဲပေးခွင့်ရှိသူ (၂၆၄) ဦးအနက် (၂၃၃)ဦးက သဘောတူထောက်ခံခဲ့သည်။ ၂၀၂၃ ဘဏ္ဏာရေးနှစ် ရသုံးမှန်းခြေ စာရင်းတင်ပြရာတွင်လည်း မဲပေးခွင့်ရှိသူ(၂၆၄) ဦးအနက်(၂၃၃)ဦးက သဘောတူထောက်ခံခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်းများ ပြင်ဆင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ဉပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းစိန်မှ Video Clip ဖြင့် ရှင်းလင်းတင်ပြရာတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့်အာရှဘောလုံးအဖွဲ့ချုပ်တို့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံဘော လုံးအဖွဲ့ ချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းများ ပြင်ဆင်ခြင်းများကို ၂၀၂၀ပြည့်နှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ ဆောင် ရွက်ရာတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့်အာရှဘောလုံးအဖွဲ့ချုပ်တို့မှ ပေးပို့လာသော လမ်းညွှန်ချက်များအတိုင်းပြုလုပ်ခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းထဲရှိ အပိုဒ်ခွဲ (၃၇.၂) တွင်ပါရှိသော အားကစားနှင့် လူငယ်ရေးရာ၊ ကျန်းမာရေး၊ ပညာ ရေး ဝန်ကြီးဌာနဆိုင်ရာများမှ အလုပ်အမှုဆောင်ကော်မတီဝင် ၃ ဦးအား အလုပ်အမှုဆောင် အဖွဲ့ဝင်အကြံပေး( Consultative Members) အဖြစ် ပြောင်းလဲပြင်ဆင်ခဲ့ပါကြောင်း၊ ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းထဲရှိ အပိုဒ်ခွဲ (၃၇.၃) တွင်ပါရှိသော တိုင်းနှင့် ပြည်နယ်များမှ အလုပ် အမှုဆောင် ကော်မတီဝင် (၆) ဦးအား အထက်မြန်မာပြည်မှ (၃) ဦး၊ အောက်မြန်မာပြည်မှ( ၃) ဦးဖြင့် ရွေးချယ်မှုကို ထည့်သွင်းပြင် ဆင်ခဲ့ပါကြောင်း၊ ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းထဲရှိ အပိုဒ်ခွဲ(၃၇.၅) တွင် ပါရှိသော ဥက္ကဋ္ဌ သက်တမ်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌသက်တမ်းသည် တစ်ကြိမ်လျှင် (၄) နှစ်၊ စုစုပေါင်း (၁၂)နှစ်ဖြစ်ပြီး ဥက္ကဋ္ဌ ရာထူးနေရာသည် အများဆုံး (၁၂ )နှစ်သာ တာဝန်ယူဆောင် ရွက်ရန်ဟု သတ်မှတ်ပြဌာန်းထားပါကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ အမြဲတမ်း ညွှန်ကြားချက်နှင့် အခါအားလျော်စွာ ထုတ်ပြန်သည့် ဥပဒေစည်းမျဉ်းများအား ပြုပြင်ပြောင်းလဲရန် အဆိုပြုခြင်း၊ အတည်ပြုခြင်းများပြုလုပ်ခြင်းကို မဲပေးခွင့်ရှိသူ (၂၆၄)ဦး အနက် (၂၃၃)ဦးက သဘောတူထောက်ခံခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်အတွက် စာရင်းပိုင်းဆိုင်ရာ စစ်ဆေးရန်နှင့် အတည်ပြုပေးရန် မှတ်ပုံတင် စာရင်းကိုင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးဝမ်တင်အား ခန့်အပ်ကြောင်း ကြေညာခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ပဉ္စမအကြိမ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံပြီးဆုံးကြောင်း ကြေညာကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
MFF Activities Report 2022 Download Link: https://www.mediafire.com/file/u4hj63z6t004xo0/5th+MFF+Congress+2022+Report.pdf/file
MFF Financial Report Download Link: https://www.mediafire.com/file/1ddm69qqyfja4at/2)+MFF_Signed+Audited+Report+FY+2021+(1).pdf/file