ထိုင်းနှင့်မြန်မာ ခြေစမ်းပွဲအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကျင်းပ
December 10, 2022မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၂၀ အသင်းနည်းပြ ရာထူးအတွက် တာဝန်ထမ်းဆောင်လိုသူများ လျှောက်ထားနိုင်
December 14, 2022မြန်မာ့လက်ရွေးစင် အသင်းသည် အာဆီယံ ချန်ပီယံရှစ် ပွဲကြိုပြင်ဆင်မှု အဖြစ် ထိုင်းလက်ရွေးစင် အသင်းနှင့် ယနေ့ည ၈း၀၀ နာရီက သမ်မာဆက် ကွင်းတွင် ခြေစမ်းကစားခဲ့ရာ (၆-၀)ဂိုး ရလဒ်ဖြင့် အရေးနိမ့်ခဲ့သည်။ နည်းပြချုပ် အန်တွမ်နီဟေးသည် ၅း၃း၂ ကစားဟန်ဖြင့် ဂိုး- ကျော်ဇင်ဖြိုး၊ နောက်တန်း- နန္ဒကျော်၊ ရဲမင်းသူ၊ ငြိမ်းချမ်း၊ ဟိန်းဇေယျာလင်း၊ ဟိန်းထက်အောင်၊ အလယ်တန်း-ကျော်မင်းဦး၊ ရန်နိုင်ဦး၊ အောင်နိုင်ဝင်း၊ ရှေ့တန်း-မြတ်ကောင်းခန့်၊ မောင်မောင်လွင် တို့ဖြင့် စတင်ပွဲထွက်ခဲ့သည်။ ထိုင်းအသင်းတွင်လည်း ထိုင်းလိဂ် ခြေစွမ်းပြ ကစားသမားများဖြင့် လူစုံခဲ့ပြီး မြန်မာအသင်းအား ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားသွားခဲ့သည်။
ပထမပိုင်းတွင် မြန်မာအသင်းသည် ထောင့်ကန်ဘော အပါအဝင် ဂိုးသွင်းခွင့်အချို့ ဖန်တီးနိုင်ခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။ ထိုင်းအသင်းသည် အိမ်ရှင်အသင်း ပီပီ ကစားပုံမှန်မှန်ဖြင့် အမှားအယွင်းမရှိ ကစားသွားခဲ့ပြီး ပွဲချိန် ၁၂ မိနစ်တွင် ပင်နယ်တီမှ တီရာဆဲ ဒန်ဒါ၊ ၂၉ မိနစ်တွင် ဘော်ဒင်ဖလာ၊ ၄၅ မိနစ်တွင် နန္ဒကျော် ကိုယ့်ဂိုးကိုယ်သွင်းမိခြင်း၊ နာကျင်အချိန်ပိုတွင် ဆာရက်ယိုရန် တို့က ဂိုးများသွင်းယူနိုင်ခဲ့ခြင်းကြောင့် (၄-၀)ဂိုးဖြင့် အနိုင်ရနေခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် မြန်မာအသင်း အမှားအယွင်းနည်းနိုင်သမျှ နည်းစေရန် ကြိုးစားခဲ့သည်။ ရှေ့တန်းတွင် ဂိုးသွင်းနိုင်ရေး အတွက် ကစားသမား အပြောင်းအလဲများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနောက်တန်းအား ဖိအား မပေးနိုင်ခဲ့ပေ။ ပွဲချိန် ၅၇ မိနစ်တွင် တီရာဆဲဒန်ဒါ ဒုတိယဂိုး သွင်းယူခဲ့ပြီး ၇၅ မိနစ်တွင် ငြိမ်းချမ်း ဖျက်ထုတ်ရာမှ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့သဖြင့် မြန်မာအသင်း ၆-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ ပွဲချိန်အတွင်း ကစားသမားများ လူစားလဲလှယ်ရာတွင် အောင်နိုင်ဝင်း၊ မြတ်ကောင်းခန့် တို့အစား ဝင်းနိုင်ထွန်း၊ ဟိန်းဖြိုးဝင်းကို ပထမပိုင်းတွင် လဲလှယ်ကာ ဒုတိယပိုင်းတွင် ဟိန်းဇေယျာလင်း၊ ရန်နိုင်ဦး၊ ဟိန်းထက်အောင်၊ ကျော်မင်းဦး တို့အစား ရဲရင့်အောင်၊ ဝေလင်းအောင်၊ လင်းထက်စိုး၊ နိုင်ဇင်ထက် တို့ဝင်ရောက်ကစားခဲ့သည်။
” ဒီနေ့ကစားသမားတွေ စွမ်းဆောင်မှုက အားရစရာ မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို အဆင့်သက်မှတ်ချက်တွေ မြင့်တက်လာဖို့ ဆိုတာထက် လာမယ့် အာဆီယံ ချန်ပီယံရှစ် အတွက် အဓိက ပြင်ဆင်တာပါ။ မလေးရှားနဲ့ပွဲအတွက် ကျွန်တော်တို့ ပြင်ဆင်ရမှာတွေ အများကြီးရှိပါသေးတယ်။ ကျန်ရှိနေတဲ့ ၁၀ ရက်အတွင်းမှာ ကျွန်တော်တို့ ဒီနေ့ပွဲက ကစားပုံမျိုးမဖြစ်အောင် ပြင်ဆင်ရပါမယ်။ ဒီပွဲပြီးနောက်မှာ အပြီးသတ် ကစားသမား ရွေးချယ်ဖို့ရှိနေပြီး အသင်းကို ပိုပြီးကောင်းအောင် ၁၀ ရက်အတွင်း စနစ်တကျပြင်ဆင်သွားရပါမယ်။” ဟု မြန်မာအသင်း နည်းပြချုပ် အန်တွမ်နီဟေးက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားသည်။
မြန်မာ့လက်ရွေးစင် အသင်းသည် AFF Mitsubishi Electric Cup 2022 ပွဲဦးထွက်အဖြစ် မလေးရှားအသင်းနှင့် လာမည့် ဒီဇင်ဘာ ၂၁ ရက်နေ့ ရန်ကုန်မြို့တွင် အိမ်ကွင်းပွဲစဉ် လက်ခံကစားရမည် ဖြစ်သည်။