အာဆီယံ ချန်ပီယံရှစ်ပြင်ဆင်မှုအဖြစ် ကစားခဲ့သည့်ခြေစမ်းပွဲတွင် ထိုင်းအသင်းကို မြန်မာအသင်း အရေးနိမ့်
December 11, 2022မြန်မာနှင့် မလေးရှားအသင်းတို့၏ ပွဲစဉ်အတွက် Match Coordinating Meeting နှင့် ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်
December 20, 2022မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)သည် လစ်လပ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၂၀ အသင်းနည်းပြ ရာထူးအတွက် သက်မှတ်အရည်အချင်း ပြည့်မီ၍ တာဝန်ထမ်းဆောင်လိုသူများအား စိစစ်ရွေးချယ်ကာ ခန့်အပ်တာဝန်ပေးသွားမည် ဖြစ်သည်။ မြန်မာ ယူ၂၀ အသင်းနည်းပြ ရာထူးအတွက် လျှောက်ထားလိုသူများသည် အာရှဘောလုံး အဖွဲ့ချုပ်၏ AFC (A) လိုင်စင် (သို့မဟုတ်) UEFA (A) လိုင်စင် (သို့မဟုတ်) UEFA A Elite Youth License တစ်ခုခု ရရှိထားသူများသာ ဖြစ်ရန် လိုအပ်ပြီး လူငယ် နည်းပြ အတွေ့အကြုံနှင့် ဘာသာစကား၊ နည်းပညာနှင့် အခြား နည်းစနစ်ပိုင်း သုံးသပ်လေ့လာနိုင်စွမ်းများ ရှိရမည်ဖြစ်သည်။ လျှောက်ထားလိုသူများ အနေဖြင့် ပူးတွဲပါ Form တွင် ဖော်ပြထားသော လိုအပ်ချက်များအား ပြည့်မီရမည် ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက် နောက်ဆုံးထား၍ ဖော်ပြပါ E-mail များသို့ ပေးပို့လျှောက်ထားနိုင်မည် ဖြစ်သည်။
(လျှောက်လွှာ Download ရယူရန် – https://www.mediafire.com/file/8dpwy6gawlgvavu/MFF+Advertisement+National+Youth+Team+Coach+U+20.docx/file
MFF-Advertisement-National-Youth-Team-Coach-U-20