မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၂၀ အသင်းနည်းပြ ရာထူးအတွက် တာဝန်ထမ်းဆောင်လိုသူများ လျှောက်ထားနိုင်
December 14, 2022AFF Mitsubishi Electric Cup တွင် မလေးရှားကို အရေးနိမ့်ခဲ့သည် မြန်မာအသင်း
December 21, 2022ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ဒီဇင်ဘာ (၂၁) ရက်၌ ကျင်းပမည့် ၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်ဖြစ်သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားလက်ရွေးစင်အသင်းတို့၏ ပွဲစဉ်အတွက် Match Coordinating Meeting နှင့် ပွဲကြို သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ (၂၀) ရက် နေ့လယ်ပိုင်းက သုဝဏ္ဏ အားကစားကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Match Coordinating Meeting သို့ အာဆီယံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားလက်ရွေးစင် အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ယင်းနောက်သတင်းစာရှင်းလင်းပွဲကို ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အန်တွမ်နီဟေးနှင့် အသင်းခေါင်းဆောင် မောင်မောင်လွင်၊ မလေးရှားအသင်းနည်းပြချုပ် Kim Pan-gon နှင့် အသင်းခေါင်းဆောင် Safawi Rasidတို့တက်ရောက် ဖြေကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးက” ပထမဆုံးအနေနဲ့ (၃)နှစ်အတွင်း အိမ်ကွင်းမှာ ပြန်ကစားခွင့်ရတာကြောင့် ကျေ နပ်မိပါတယ်။ ကျွန်တော်တို့ အသင်းဟာ ဒီပြိုင်ပွဲအတွက် သေချာပြင်ဆင်ထားပါတယ်။ လေ့ကျင့်မှုကိုလည်း အကောင်းဆုံး ပြုလုပ်ထားပါတယ်။ ပဏာမလက်ရွေးစင်အသင်းမှ ကစားသမားတွေကို သေချာစိစစ်ပြီး အကောင်းဆုံး ကစားသမားတွေကို ရွေးချယ်ထားတာပါ။ ပြီးခဲ့တဲ့ ထိုင်းနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲ ရလဒ်က စိတ်ကျေနပ်စရာ မကောင်းပါဘူး။ ဒါပေမဲ့ အဲဒီပွဲဟာ ခြေစမ်းပွဲသာဖြစ်ပါတယ်။ ကျွန်တော်တို့အ နေနဲ့ ပြီးခဲ့တဲ့ပွဲတွေက အားနည်းချက်တွေကို ပြန်ပြင်ဆင်ထားပါတယ်။ လက်ရှိ ကျွန်တော်တို့အသင်းဟာ ဒဏ်ရာကင်းစင်ပြီး ကစားသမားတွေကလည်း လန်းဆန်းတက်ကြွနေကြပါတယ်။ ဒါကြောင့် မလေးရှားနဲ့ ကစားမယ့်ပွဲမှာ မြန်မာအသင်းကို အားပေးကြဖို့ ပရိသတ်တွေကို ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်က ” မလေးရှားနဲ့ ကစားရမယ့်ပွဲဟာ (၃) နှစ်အတွင်း အိမ်ကွင်းမှာ ကစားရမယ့် ပထမဆုံးပွဲဖြစ်တာကြောင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းဟာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီထိုင်းနိုင်ငံမှာ လေ့ကျင့်ပြင်ဆင်ခဲ့ပါတယ်။ဒီနောက် အသင်းရဲ့ အားသာချက်၊အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ မလေး ရှားနဲ့ပွဲမှာ အကောင်းဆုံး ရလဒ်ရအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
မလေးရှားအသင်းနည်းပြချုပ် Kim Pan-gon က “ကျွန်တော်တို့ ဒီပြိုင်ပွဲအတွက် ကောင်းကောင်းပြင်ဆင်ထားပါတယ်။ မနက်ဖြန်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကစားသမားတွေလည်း ကြံ့ခိုင်မှုပြည့်နေပါတယ်။ အသင်းအနေနဲ့ မလေးရှား ပရိသတ်တွေအတွက် အ ကောင်းဆုံးခြေစွမ်းပြပြီး အကောင်းဆုံး ရလဒ်ရယူပေးနိုင်ဖို့ ယုံကြည်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ စီ စဉ်ထားရှိမှုတွေအပေါ် လေးစားပါတယ်။ သူတို့ရဲ့ စီစဉ်ပံ့ပိုးပေးထားမှုတွေ အပေါ်မှာ မကျေမနပ်ဖြစ်တာမျိုး မရှိပါဘူး။ ကိုယ့်ဘာသာ အ ဆင်ပြေအောင် နေတာပါပဲ။ သူတို့ရဲ့ အခြေအနေကိုလည်း အပြည့်အဝ လေးစားနားလည်ပါတယ်။ မကျေနပ်တာမျိုး မရှိပါဘူး” ဟု ပြော ကြားခဲ့ပြီး မလေးရှား အသင်းခေါင်းဆောင် Safawi Rasid က” ကျွန်တော်တို့အသင်းဟာ အတွေ့အကြုံရှိကစားသမားတွေနဲ့ လူငယ်ကစားသမားတွေ ပေါင်းစပ်ထားတာပါ။ ဒီပြိုင်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ မြန်မာအသင်းကို အဝေးကွင်းမှာ ကစား ရမှာဖြစ်လို့ အကောင်းဆုံး ပြင်ဆင်ကစားသွားရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဒီဇင်ဘာ (၂၁) ရက်၊ ညနေ ၄:၃၀ နာရီ၌ ယှဉ်ပြိုင်မည့် ၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်ဖြစ်သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားလက်ရွေးစင်အသင်းတို့၏ ပွဲစဉ်ကို SKY NET ရုပ်သံလိုင်းများဖြစ်သည့် SKY NET Sports HD နှင့် SKY NET Sport 4 တို့မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။
ထို့ပြင် ၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲ ပွဲစဉ်များအားလုံးကို SKY NET Sports HD နှင့် SKY NET Sport 4 တို့မှ တိုက်ရိုက်ထုတ်လွှင့် ပြသပေးသွားမည်ဖြစ်သည်။