![](https://the-mff.org/wp-content/uploads/2022/12/27_28_Dec_2022-150x150.jpg)
MFF Internal Academy Football Tournament 2022 (U-12 & U-13)တွင် ပုသိမ်အကယ်ဒမီ ဗိုလ်စွဲ
December 27, 2022![](https://the-mff.org/wp-content/uploads/2022/12/Dec_29_2022-150x150.jpg)
မြန်မာနှင့် လာအိုအသင်းတို့ ပွဲစဉ်အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်
December 29, 2022MFF Internal Academy Football Tournament 2022 ပြိုင်ပွဲကို မန္တလေးမြို့ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) လေ့ကျင့်ရေးကွင်းများတွင် ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ရာ U-14 & U-15 ပြိုင်ပွဲတွင် ပုသိမ်အကယ်ဒမီ(က) အသင်းက ဗိုလ်စွဲခဲ့သည်။
![](https://the-mff.org/wp-content/uploads/2022/12/U14-15-results-1024x934.jpg)
U-14 & U-15 ပြိုင်ပွဲတွင် အသင်းပေါင်း ခြောက်သင်းပါဝင်ပြီး ရန်ကုန် အကယ်ဒမီ (က)နှင့် (ခ)၊ ပုသိမ်အကယ်ဒမီ (က)နှင့် (ခ)၊ မန္တလေး အကယ်ဒမီ (က)နှင့် (ခ) အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကာ ပုသိမ်အကယ်ဒမီ(က) အသင်းက ငါးပွဲကစား၊ ငါးပွဲနိုင်၊ ရမှတ် ၁၅ မှတ်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
![](https://the-mff.org/wp-content/uploads/2022/12/U14-15-Standing-1024x568.jpg)
MFF Internal Academy Football Tournament 2022 ပြိုင်ပွဲကို (U-12 & U-13)၊ (U-14 & U-15) ပြိုင်ပွဲ နှစ်ခုခွဲကာ ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်ထိ တစ်ရက်လျှင် လေးပွဲနှုန်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး (U-12 & U-13) ပြိုင်ပွဲတွင်လည်း ပုသိမ်အကယ်ဒမီ (U-12 & U-13) အသင်းကပင် ဗိုလ်စွဲခဲ့သည်။
![](https://the-mff.org/wp-content/uploads/2022/12/321986414_847676036564929_3461376518336097883_n-1-1024x568.jpg)