မြန်မာနှင့် လာအိုအသင်းတို့ ပွဲစဉ်အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်
December 29, 2022အမျိုးသမီးလက်ရွေးစင်အသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းကို ၂နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို
December 31, 2022မြန်မာ့ လက်ရွေးစင်အသင်းသည် AFF Mitsubishi Electric Cup 2022 အုပ်စု တတိယမြောက်ပွဲစဉ်အား အိမ်ကွင်းပွဲစဉ်အဖြစ် လာအိုအသင်းနှင့် ယနေ့ မြန်မာစံတော်ချိန် ၄း၃၀ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ (၂-၂) ဂိုးသရေကျခဲ့သည်။
မြန်မာအသင်းတွင် ဂိုး- ထွန်းနန္ဒဦး၊ နောက်တန်း – ဒေးဗစ်ထန်း ၊ ရဲမင်းသူ၊ ကျော်ဇင်လွင်၊ ဟိန်းဇေယျာလင်း၊ အလယ်တန်း – မောင်မောင်လွင်၊ ကျော်မင်းဦး၊ ဟိန်းထက်အောင်၊ မြတ်ကောင်းခန့်၊ လွင်မိုးအောင်၊ ရှေ့တန်း – အောင်ကောင်းမာန် တို့ဖြင့် ပွဲထွက်ခဲ့သည်။
ပွဲချိန် ပထမပိုင်း အစောပိုင်း မိနစ်များတွင် မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိအားပေး ကစားခဲ့သော်လည်း ဂိုးရရှိရေး ကြိုး စားမှုများကို လာအို ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် (၁၂) မိနစ်တွင် လာအိုအသင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် ကျောနံပါတ် (၁၇) Vongchiengkham က ပင်နယ်တီ ဧရိယာအတွင်း အပိုင်ကန်သွင်းခဲ့၍ ဦးဆောင်ဂိုးရရှိခဲ့သည်။
ယင်းနောက် မြန်မာအသင်းသည် လာအိုအသင်းကို တိုက်စစ်ဆင် ကစားခဲ့ရာ ပွဲချိန် (၁၄) မိနစ်တွင် ကျော်မင်းဦးက ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူပေးခဲ့သည်။ မြန်မာအသင်းသည် ဂိုးရရှိရေး ကြိုးစားခဲ့သော်လည်း အောင်ကောင်းမာန်၊ မြတ်ကောင်းခန့်တို့၏ ကန်သွင်းချက်များ တိကျသေချာခြင်း မရှိခဲ့ပေ။ လာအိုအသင်းကလည်း တန်ပြန်တိုက်စစ်ဆင်ပြီး ပြန်လည်ထိုးဖောက်ခဲ့သဖြင့် ပထမပိုင်းအပြီးတွင် (၁- ၁) ဂိုး သရေကျနေခဲ့သည်။
ဒုတိယပိုင်း ပြန်အစတွင် လာအိုအသင်းက ကစားသမား (၂) ဦး လူစားလဲခဲ့ပြီး ပွဲချိန် (၄၆) မိနစ်တွင် Ekkamai က ဒုတိယ ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
မြန်မာအသင်းသည် ချေပဂိုးရရှိရေး မြတ်ကောင်းခန့်၊ ဒေးဗစ်ထန်း၊ အောင်ကောင်းမာန်၊ ကျော်ဇင်လွင်တို့ကို ထုတ်ပြီး ဟိန်းဖြိုးဝင်း၊ လင်းထက်စိုး၊ ရဲရင့်အောင်၊ အောင်နိုင်ဝင်းတို့ကို ထည့်၍ လာအို အသင်းဘက်ကိုအကြိမ်ကြိမ် ထိုးဖောက်ခဲ့သော်လည်း ဂိုးသမား xaysavath လက်စွမ်းပြကာကွယ်ခဲ့သည်။ မြန်မာအသင်းအတွက် ချေပဂိုးကို ထပ်ဆောင်း အချိန်ပိုတွင် အသင်းခေါင်းဆောင် မောင်မောင်လွင်က ဖရီးကစ်မှ တစ်ဆင့် သွင်းယူပေးခဲ့သည်။
မြန်မာ့ လက်ရွေးစင်အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အား ဗီယက်နမ်အသင်းနှင့် အဝေကွင်းပွဲစဉ်အဖြစ် လာမည့် ဇန်နဝါရီ (၃) ရက်နေ့တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။