အိုလံပစ် ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးအသင်း အီရန်၊ဘင်္ဂလားဒေ့ရှ်၊မော်လ်ဒိုက်စ်တို့နှင့်အတူကျရောက်
January 12, 2023AFC Futsal Coaching Certificate Course – Level 1 သင်တန်း တောင်ကြီးတွင်ဖွင့်လှစ်
January 23, 2023MFF Futsal League 1 & 2 (2022)ပြိုင်ပွဲ ကျင်းပရေး အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ ဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဖူဆယ် League 1 နှင့် League 2 များမှ ကလပ်အသင်းများ၏ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီမှ ကျင်းပမည့် MFFFutsal League 1 & 2 (2022) ပြိုင်ပွဲကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်းနှင့်ကစားသမား အပြောင်းအရွှေ့ ကိစ္စရပ်များ၊ ပြိုင်ပွဲကျင်းပရေးပုံစံများ၊ အာရှနှင့် အာဆီယံဝင်ခွင့် ရရှိမည့် အသင်းများ အစရှိသည်များကို ဆွေးနွေးခဲ့ကြသည်။
MFF Futsal League (1) ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင်ကျင်းပရန် ရည်ရွယ်ထားပြီး League 2 ပြိုင်ပွဲကို မတ် ၁ ရက်တွင် စတင်ကျင်းပရန်ရည်ရွယ်ထားသည်။ League နှစ်ခုစလုံး၏ ပထမရာသီဝက် ကစားသမားအပြောင်းအရွှေ့ကာလကို ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၂၂ ရက်အထိ သတ်မှတ်ထားပြီး ဒုတိယ ရာသီဝက်ကစားသမားအပြောင်းအရွှေ့ကာလကို ဧပြီ ၃ ရက်မှ ၉ ရက်အထိသတ်မှတ်ထားသည်။
MFF Futsal League 1 & 2 (2022) ပြိုင်ပွဲများကို MFF Futsal Stadium တွင် ကျင်းပသွားမည် ဖြစ်ပြီး Leagueတစ်ခုကို တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် တစ်ပတ်လေးရက်ကျင်းပသွားမည်ဖြစ်သည်။
MFF Futsal League 1 (2022) ပြိုင်ပွဲတွင် အသင်းပေါင်း ၁၂ သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး MIU FC, VUC FC, MFF U-18 Team, Myoma JY FC, Winner Soccer FC, Dream Team FC, AMM Brothers FC, Futsal ChitThu FC, Future of Dagon FC, AKG FC, Futsal 19 FC, Generations FC အသင်းတို့ ပါဝင် ယှဉ်ပြိုင်ခွင့်ရရှိထားသည်။
MFF Futsal League 2 (2022) ပြိုင်ပွဲတွင် အသင်းပေါင်း (၁၀) သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး Let WelThone Nara FC, Dream Team Legends FC, Futsal Chit Thu Youth FC, Shwe Pyi Thar FC, M- MillionFC, Friendly Zone FC, Yoma FC, Red Eagle FC, NY FC, Maryar FC တို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။