အာရှခြေစစ်ပွဲနှင့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ပဏာမ အမျိုးသမီး ယူ-၂၀ အသင်း လေ့ကျင့်လျက်ရှိ
January 23, 2023MFF Futsal League 1 & 2 (2022) မဲခွဲပွဲပြုလုပ်
February 7, 2023မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဂျာမနီ နိုင်ငံသား နည်းပြ အန်တွမ်နီဟေးနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) တို့သည် ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းတွင် နှစ်ဖက် သဘောတူညီမှုဖြင့် စာချုပ်ရပ်စဲလိုက်ပြီဖြစ်သည်။ အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ခန့်အပ်ခံခဲ့ရပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ MFF နှင့် စာချုပ်ချုပ်ဆိုထားခြင်း ဖြစ်သည်။ အန်တွမ်နီဟေး နှင့်အတူ လက်ထောက်နည်းပြ ခီမေးလ်ဟာလက် ကိုလည်း စာချုပ်ဖျက်သိမ်းခဲ့ပြီး လာမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် သင့်တော်သည့် နည်းပြချုပ်နှင့် နည်းပြအဖွဲ့အား ခန့်အပ်တာဝန်ပေး သွားမည်ဖြစ်သည်။
အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ၂၀၁၈ ခုနှစ် မေလမှ ဒီဇင်ဘာလအထိ ကိုင်တွယ်ခဲ့ပြီး ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသဖြင့် ယင်းပြိုင်ပွဲအပြီးတွင် နှစ်ဦးသဘောတူ လမ်းခွဲခဲ့သည်။ ယင်းနောက် ၂၀၁၉ အောက်တိုဘာတွင် ဒုတိယ အကြိမ်မြောက် မြန်မာ့လက်ရွေးစင် အသင်းအား ပြန်လည် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။