MFF Men Referee Workshop For 2023 ပိတ်ပွဲအခမ်းအနားကျင်းပ
February 17, 2023မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဧရာ၀တီဘဏ် မိတ်ဖက်(Partnership) စာချုပ် ချုပ်ဆို
February 21, 2023မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် လူငယ်များ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ် မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ထွက်ပေါ်ရေး အတွက် မိတ်ဖက် စပွန်ဆာများ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၃ နွေရာသီ လူငယ် ဘောလုံးသင်တန်း အမှတ်စဉ် (၁)နှင့် (၂)ကို ရန်ကုန်နှင့် မန္တလေးရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘောလုံး အကယ်ဒမီများတွင် သင်တန်ကြေး အခမဲ့ဖြင့် ဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ပါသည်။
အဆိုပါ နွေရာသီ လူငယ် ဘောလုံးသင်တန်း အမှတ်စဉ် (၁)အား ၂၀၂၃ခုနှစ် မတ်လ (၁) ရက်မှ ဧပြီလ (၁၀)ရက် အထိလည်းကောင်း၊ အမှတ်စဉ် (၂)အား ၂၀၂၃ ခုနှစ် ဧပြီလ (၁၉)ရက် မှ မေလ (၂၉) ရက်အထိလည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
နွေရာသီ လူငယ် ဘောလုံးသင်တန်းများအား ရန်ကုန်တွင် သင်တန်းသား (၂၀၀) ၊ မန္တလေးတွင် သင်တန်းသား (၂၀၀) ဖြင့် သင်ကြားပေးမည် ဖြစ်သည်။ ယင်း သင်တန်းအား မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရှိ အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာများက ကြီးကြပ် သင်ကြားပေးသွားမည်ဖြစ်ပါသည်။
အခြေခံ ဘောလုံးသင်တန်းသို့ အသက် ၉ နှစ်မှ ၁၅နှစ် အတွင်း (ကျား/မ) မည်သူမဆို တက်ရောက် သင်ယူနိုင်မည်ဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ဖွင့်လှစ်မည့် သင်တန်းတွင် နံနက် ၇: ၃၀ နာရီမှ၉: ၃၀နာရီအထိ အခြေခံ ဘောလုံးပညာများ သင်ကြားရမည်ဖြစ်ပါသည်။
သင်တန်းသားတစ်ဦးလျှင် ဝတ်စုံတစ်စုံစီနှင့် MFFအသိအမှတ်ပြု သင်တန်းဆင်း လက်မှတ်များအား ပေးအပ်မည်ဖြစ်ပါသည်။အမှတ်စဉ် (၁) သင်တန်း တက်ရောက်လိုသူများ အနေဖြင့် ပူးတွဲပါ Link မှ သင်တန်းတက်ခွင့် လျှောက်လွှာများကို ကူးယူဖြည့်စွက်၍ သင်တန်းဖွင့်လှစ်မည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)နှင့် မြန်မာ့ဘောလုံးအကယ်ဒမီ (မန္တလေး)သို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်ဆက်သွယ် လျှောက်ထားနိုင်ပါသည်။
ဖုန်းဖြင့်ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက ( ရန်ကုန် ၀၉ – ၄၀၃၇၂၅၄၂၅ ၊ မန္တလေး ၀၉ – ၄၂၆၅၅၀၀၆၆ )နံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
https://www.mediafire.com/file/j2vvo57k0501n71/Summer_Football_classs.docx/file