မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီအစည်းအဝေး (၁ / ၂၀၂၃) ကျင်းပ
February 13, 2023နွေရာသီ အခြေခံ ဘောလုံးသင်တန်းအား စပွန်ဆာများ၏ ပံ့ပိုးကူညီမှုဖြင့် အခမဲ့ ဖွင့်လှစ်သွားမည်
February 17, 2023မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီ ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Men Referee Workshop For 2023 ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အမျိုးသား ကွင်းလယ်ဒိုင်များ၊ အကူဒိုင်လူကြီးများနှင့် ဖူဆယ်ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း၊ ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်နှင့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိ ဦးစိုးမိုးကျော်တို့က ဒိုင်လူကြီးများကို လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သော ဒိုင်လူကြီးတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
MFF Men Referee Workshop For 2023 ကို ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၇ ရက်အထိ ၅ ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုအလုပ်ရုံဆွေးနွေးပွဲတွင် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ပြောင်းလဲသတ်မှတ်လိုက်သော ဘောလုံးဥပဒေများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။