အမျိုးသမီး ဒိုင်လူကြီး နှစ်ဦး AFC Elite Referee အဖြစ် ရွေးချယ်ခံရ
February 25, 2023၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် မြန်မာယူ-၂၀ အမျိုးသမီး ကစားသမားစာရင်း ထုတ်ပြန်
February 27, 2023မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘဏ္ဍာရေး ကော်မတီအစည်းအဝေး (၁/၂၀၂၃) ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ဝါးတန်းလမ်းရှိ Apline ရုံးချုပ်တွင် ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ဘဏ္ဍာရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော် ၊မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို စတင်ခဲ့သည်။ ဆက်လက်၍ အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အတွက် တစ်နှစ်တာ ဘဏ္ဍာရေး လျာထားချက်များ၊ ၀င်ငွေ ထွက်ငွေ ရှင်းတမ်းနှင့် ရသုံးမှန်းခြေစာရင်းများ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ စပွန်ဆာရရှိမှုများနှင့် စပွန်ဆာရရှိရေး ကြိုးပမ်းမှုများ၊ မြန်မာ့လက်ရွေးစင်အသင်း အသီးသီးအတွက် အသုံးစရိတ်လျာထားချက်များနှင့် ပတ်သက်၍ ကော်မတီဝင်များက ဆွေးနွေးခဲ့သည်။