ဘဏ္ဍာရေး ကော်မတီ အစည်းအဝေး (၁/၂၀၂၃)ကျင်းပ
February 27, 2023လူငယ် မျိုးဆက်သစ်ဘောလုံးသမားများ ပေါ်ထွက်လာစေရေး ယူ-၁၅ လိဂ်ပြိုင်ပွဲကျင်းပမည်
March 2, 2023မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် အပြီးသတ် ကစားသမား ၂၃ ဦး စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။
မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ကမ္ဘောဒီးယားနိုင်ငံတွင် အာရှခြေစစ်ပွဲ ပထမအဆင့် အုပ်စု (G)အဖြစ် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်မှ ၁၂ ရက်ထိ အိမ်ရှင် ကမ္ဘောဒီးယား၊ မလေးရှား အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် မတ်လ ၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီတွင် ကမ္ဘောဒီးယားအသင်း၊ မတ်လ ၁၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီတွင် မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ လကုန်ပိုင်းတွင် ပဏာမ ကစားသမား ၃၈ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်း၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်နွယ်နွယ်တိုးနှင့် ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြအဖြစ် ဒေါ်မေခင်ယမင်းတို့က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
မြန်မာအမျိုးသမီး ယူ-၂၀ ကစားသမားများကို ရွေးချယ်ရာတွင် ပြီးခဲ့သည့်နှစ် အမျိုးသမီးလိဂ် ပြိုင်ပွဲဝင် ကလပ်အသင်းများမှ ကစားသမားများ၊ ယူ-၁၉ နှင့် ယူ-၁၆ လက်ရွေးစင်များ၊ အား/ကာသိပ္ပံများမှ ကစားသမားများအပြင် နေပြည်တော်တွင် ကျင်းပခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သော ကစားသမားများကိုပါ ပေါင်းစပ် ရွေးချယ်ထားခြင်း ဖြစ်သည်။
ပထမအဆင့် ခြေစစ်ပွဲတွင် အုပ်စုပထမရသော အသင်း (၈)သင်းသည် ၂၀၂၃ ခုနှစ် ဇွန်လအတွင်းတွင် အုပ်စုနှစ်ခုခွဲ၍ ဒုတိယအဆင့် ခြေစစ်ပွဲများ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရသော အသင်းလေးသင်းမှာ ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲဝင် မြန်မာအမျိုးသမီး ယူ-၂၀ နည်းပြ/ကစားသမားစာရင်း
နည်းပြချုပ် – ဒေါ်စန်းစန်းသိန်း
လက်ထောက်နည်းပြများ – ဒေါ်နွယ်နွယ်တိုး၊ ဒေါ်စန်းယုနိုင်
ဂိုးနည်းပြ – ဒေါ်မေခင်ယမင်း
ဂိုး – မေဦးခင် (ISPE FC)၊ ဖီးဗေ (Y.R.E.O FC)၊ သူဇာအောင် (ဧရာဝတီ တိုင်းဒေသကြီး)။
နောက်တန်း – ဖြူဖွေး၊ ယုယုနိုင် (Y.R.E.O FC)၊ ခင်ဌေးကြိုင် (Sports and Education FC)၊ ဒီဇင်ဘာနှင်း (သစ္စာအားမာန် အက်ဖ်စီ)၊ ကြယ်စင် (ISPE FC)၊ ဖြူဖြူဝင်း (မြဝတီအက်ဖ်စီ)၊ ဝေဖူးအိမ် (သစ္စာအားမာန်အက်ဖ်စီ)။
အလယ်တန်း – ဒေစီအောင်၊ နန်းချိုမွှေး (Y.R.E.O FC)၊ နှင်းပွင့်အေး၊ ဟေမာန်စိုး (ISPE FC)၊ ဇခါရိုရ်စီ (ကချင်ပြည်နယ်)၊ ကေသွယ်ဖြိုးဦး (အား/ကာသိပ္ပံ ရန်ကုန်)၊ ဝေဟင်ဖြိုး (Sports and Education FC)၊ စန္ဒာလင်း (အား/ကာသိပ္ပံ မန္တလေး)၊ မေသက်မွန်မြင့် (သစ္စာအားမာန်အက်ဖ်စီ)။
ရှေ့တန်း – ဇင်မိုးပြည့်၊ ယုယနိုင် (Y.R.E.O FC)၊ ယဉ်လွန်းအိမ် (ISPE FC)၊ ယွန်းဝတီလှိုင် (အား/ကာသိပ္ပံ မန္တလေး)။