မြန်မာအမျိုးသမီးအသင်း တရုတ်နိုင်ငံတွင် (၁၀)ရက်ကြာ သွားရောက်လေ့ကျင့်မည်
March 14, 2023မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း ဂျပန် ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်
March 15, 2023မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်မည့် AFC Futsal Fitness Level 1 Coaching Certificate Course ကို ဧပြီ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။ သို့ဖြစ်ရာ ထိုသင်တန်းသို့ တက်ရောက်လိုသူ နည်းပြများ အနေဖြင့် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ မတ် ၂၁ ညနေ ၄နာရီ နောက်ဆုံးထား၍ လာရောက်လျှောက်ထားနိုင်သည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့်
- AFC Futsal – Level အောင်မြင်ပြီး အနည်းဆုံး သက်တမ်း (၁)နှစ်ရှိရမည်။
- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ကလပ်၊ အသင်း၊ ဝန်ကြီးဌာန အဖွဲ့အစည်း၏ ထောက်ခံစာပါရှိရမည်။
- ကျန်းမာရေးကောင်းမွန်ပြီး သင်တန်းတွင် လက်တွေ့လေ့ကျင့်မှု သင်ခန်းစာများကို လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
- သင်တန်းကာလ ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။
- အင်္ဂလိပ်ဘာသာကို အတော်အသင့် နားလည်သူဖြစ်ရမည်။
- ကွန်ပျူတာဗဟုသုတ ရှိရမည်ဖြစ်ပြီး Power Point ဖြင့်တင်ပြဆွေးနွေးနိုင်ရမည်။
- သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပါက သင်တန်းဝင်ကြေးအဖြစ် နိုင်ငံသားတစ်ဦးလျှင် မြန်မာငွေ ကျပ် တစ်သိန်း၊ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန် ဒေါ်လာခုနှစ်ရာ ပေးသွင်းရမည်ဖြစ်သည်။
သင်တန်းကို ဧပြီ ၃ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။