အိန္ဒိယ ဖိတ်ခေါ်ပြိုင်ပွဲ သွားရောက်မည့် မြန်မာ့လက်ရွေးစင် ကစားသမား (၂၄)ဦး စာရင်း
March 16, 2023ဂျပန် ဖိတ်ခေါ် ယူ – ၁၇ အမျိုးသမီးပြိုင်ပွဲတွင် ဂျပန်က မြန်မာကို (၄-၀) ဂိုးဖြင့် အနိုင်ရရှိ
March 17, 2023ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၏ ၇၃ ကြိမ်မြောက် ကွန်ဂရက်စ်အား ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့တွင် ယနေ့ ၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်နေ့က ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ပါဝင်ပြီး ကမ္ဘာဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို ဦးဆောင်သည့် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ကြသည်။
၇၃ ကြိမ်မြောက် ဖီဖာ ကွန်ဂရက်စ်တွင် တက်ရောက်သည့် အဖွဲ့ဝင်နိုင်ငံများအား အတည်ပြုပြီးနောက် အခမ်းအနား အစီအစဉ်အတိုင်း ဖီဖာ၏ မှတ်တမ်းများအား စိစစ် အတည်ပြုရန် စစ်ဆေးမည့် ကိုယ်စားလှယ်များအား ခန့်အပ်အတည်ပြုခဲ့ကြသည်။ ယင်းနောက် ဖီဖာ အဖွဲ့ဝင် နိုင်ငံအဖြစ်မှ ဆိုင်းငံ့ခြင်းနှင့်ထုတ်ပယ်ခြင်း၊ အခမ်းအနား အစီအစဉ်အား အတည်ပြုခြင်း၊ အစည်းအဝေး မှတ်တမ်းအား အတည်ပြုခြင်း၊ ဥက္ကဋ္ဌ အင်ဖန်တီနိုက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ဖီဖာ ဥက္ကဋ္ဌရာထူး(၂၀၂၃-၂၇)ကာလ ရွေးကောက်ပွဲပြုလုပ်ခြင်း၊ ဖီဖာ တစ်နှစ်တာ Report တင်ပြခြင်း၊ အဆိုပြုလွှာများ တင်ပြခြင်း တို့အား အစီအစဉ်အတိုင်း ပြုလုပ်ပြီးနောက် ဥက္ကဋ္ဌ အင်ဖန်တီနိုက နိဂုံးချုပ် အမှာစကားပြောကြားကာ နောက်တစ်ကြိမ် ပြုလုပ်မည့် ဖီဖာကွန်ဂရက်စ်အား သက်မှတ်ပြီးနောက် ကွန်ဂရက်စ် အခမ်းအနား ရုတ်သိမ်းခဲ့သည်။