
၇၃ ကြိမ်မြောက် ဖီဖာကွန်ဂရက်စ် MFF ကိုယ်စားလှယ်အဖွဲ့တက်ရောက်
March 16, 2023
အိုလံပစ်အကြို ခြေစမ်းပွဲတွင် ကမ္ဘောဒီးယားကို ဂိုးပြတ်အနိုင်ရခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း
March 17, 2023ဂျပန်- အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ ကျင်းပသည့် 2022 JENESYS U-17 Women’s Football Memorial Cup အုပ်စု (C)ပြိုင်ပွဲအဖြစ် ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့တွင် မတ် ၁၇ ရက်က မြန်မာ့လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်းနှင့် ဂျပန် ယူ -၁၇ အမျိုးသမီး လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျပန် ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဂျပန် ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းသည် ပထမပိုင်းတွင် (၃) ဂိုး၊ ဒုတိယပိုင်းတွင် (၁) ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်းသည် မတ် ၁၉ ရက်တွင် ဖိလစ်ပိုင် ယူ- ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အုပ်စု ပွဲစဉ်များပြီးပါက မတ် ၂၀ နှင့် ၂၁ ရက်တို့တွင် အဆင့် သတ်မှတ်ချက်အတွက် ပွဲများ ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
မတ် ၁၇ က ယှဉ်ပြိုင်ခဲ့သည့် အခြားပွဲစဉ်များဖြစ်သော အုပ်စု (D)တွင် ထိုင်း ယူ-၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက တီမော ယူ- ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းကို ၁၃-၀ ဂိုး၊ အုပ်စု (A)တွင် ဗီယက်နမ် ယူ- ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက မလေးရှား ယူ- ၁၇ အမျိုးသမီး လက်ရွေးစင် အသင်းကို (၃-၀) ဂိုး၊ အုပ်စု (B)တွင် ကမ္ဘောဒီယား ယူ- ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက အင်ဒိုနီးရှား ယူ- ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းကို (၂-၀) ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။