FIFA-MFF U15 Youth League 2023 ပြိုင်ပွဲ ကျင်းပမည်
April 3, 2023လိဂ်-၂ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် Junior Lions အသင်း
April 7, 2023၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ အာရှဇုန်(ပထမအဆင့်)၊ ခြေစစ်ပွဲ (ပထမ အကျော့)အဖြစ် ဧပြီ ၅ ရက်၊ ညနေ ၄နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အီရန်အမျိုးသမီး လက်ရွေးစင်အသင်းက မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-မေဇင်နွယ်၊ မိုးမမစိုး၊ ဇွန်ယုယဦး၊ ရူပါခင်၊ နော်ထက်ထက်ဝေ၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ဖြူဖြူဝင်း၊ မြတ်နိုးခင် တို့ ပါဝင်ကစားခဲ့ကြသည်။
ပွဲချိန် ပထမပိုင်းတွင် မြန်မာအသင်းသည် ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ဝင်းသိင်္ဂီထွန်း၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်းတို့၏ ဂိုးရရှိရေး ကြိုးစားမှုများ အဆုံးသတ်ပိုင်း သေချာခြင်းမရှိခြင်း၊ မြတ်နိုးခင်၏ အပိုင်ကန်သွင်းချက်နှင့် ဝင်းသိင်္ဂီထွန်း၏ ခေါင်းတိုက်သွင်းချက်များကို အီရန်ဂိုးသမား ကာကွယ်ခြင်းတို့ကြောင့် ဂိုးမရှိ သရေကျနေခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ကစားသမား အပြောင်းအလဲများပြုလုပ်ခဲ့ပြီး ပွဲချိန် (၅၂)မိနစ်တွင် ကျောနံပါတ် (၇) Chatrenoor က ခေါင်းတိုက်ကာ အီရန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့သည်။
ယင်းနောက် မြန်မာအသင်းက ချေပဂိုးရရှိရေး ကြိုးစားခဲ့သော်လည်း ဝင်းသိင်္ဂီထွန်း ကန်သွင်းချက် အီရန်ဂိုးသမား ကာကွယ်ခဲ့ခြင်း၊ ပုံ့ပုံ့ပြည့်မောင် အဝေးကန်ချက် ဘားတန်းထိထွက်ခြင်းတို့ကြောင့် အရူံးဖြင့် ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။
ပွဲအပြီးပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ” အရူံးရလဒ်ကို မျှော်လင့်ထားခြင်းမရှိပါဘူး။ အပိုင်ဂိုးသွင်းခွင့်တွေရပေမယ့် ဂိုးမရခဲ့ပါဘူး။ မထင်မှတ်ဘဲ ဂိုးပေးလိုက်ရပြီးနောက် စိုးရိမ်မှုတွေကြောင့် အသင်းရဲ့ကစားပုံ ထင်သ လောက် မကောင်းခဲ့ပါဘူး။ အဆုံးသတ်ပိုင်းအားနည်းမှုကို ပြင်ဆင်ခဲ့ပေမယ့် လုပ်နိုင်ခြင်းမရှိပါဘူး။ ဝင်းသိင်္ဂီထွန်းက ဒဏ်ရာပြဿနာရယ်၊ အသင်းနဲ့တွဲတာ ရက်ပိုင်းပဲ ရှိတာရယ်ကြောင့် ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ပါတယ်။ ဒုတိယအကျော့မှာ ရလဒ်ကောင်းပြန်ယူနိုင်ဖို့ သေချာ ပြင်ဆင်သွားမှာဖြစ်ပါတယ်။ ပထမအဆင့် ခြေစစ်ပွဲအောင်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အီရန်အသင်းနည်းပြချုပ် Maryam Azmoon က ” နိုင်ပွဲအတွက် အကောင်းဆုံး ကြိုးစားခဲ့တဲ့ ကစားသမားတွေကို ဂုဏ်ပြုလိုပါတယ်။ က စားသမားတွေဟာ မှာကြားတဲ့ နည်းဗျူဟာအတိုင်း ကစားနိုင်ခဲ့ပါတယ်။မြန်မာအသင်းကလည်း အကောင်းဆုံး ကစားသွားခဲ့ပါတယ်။ ဒီပွဲနိုင်ထားပေမယ့် ဒုတိယအကျော့ ကစားရဦးမှာဖြစ်တာကြောင့် ပျော်ရွှင်မှုတွေကို မေ့ထားပြီး ဆက်လက်ပြင်ဆင်သွားရဦးမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသင်းဟာ ယုံကြည်မှုအပြည့်ရှိတာကြောင့် ပထမအဆင့် ခြေစစ်ပွဲကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့သည်။
မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းသည် ဧပြီ ၈ ရက်၊ ညနေ ၄ နာရီတွင် ခြေစစ်ပွဲ (ဒုတိယ အကျော့)အဖြစ် အီရန်အသင်းနှင့် ဆက် လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ အာရှဇုန်(ပထမအဆင့်)၊ ခြေစစ်ပွဲ (ဒုတိယအကျော့)ပွဲစဉ်ကို Sky Net ရုပ်သံလိုင်းများမှ တိုက်ရိုက်ပြသမည် ဖြစ်သည်။