အိုလံပစ်ခြေစစ်ပွဲတွင် အီရန်ကို အရေးနိမ့်ခဲ့သည့် မြန်မာအသင်း
April 5, 2023အိုလံပစ်ခြေစစ်ပွဲတွင် မြန်မာကို ကျော်ဖြတ်ပြီး အီရန်အသင်း ဒုတိယအဆင့်သို့ တက်ရောက်
April 8, 2023မြန်မာ့လက်ရွေးစင်ယူ-၁၈ (Junior Lions) အသင်းသည် ၂၀၂၃ခုနှစ် မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲကိုဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ပဏာမလက်ရွေးစင် ၃၅ဦးဖြင့် လေ့ကျင့်ပြင်ဆင်မှုများကို ပြုလုပ်လျက်ရှိသည်။
Junior Lions အသင်းကိုနည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာ၀န်ယူကိုင်တွယ်လျက်ရှိပြီး ယခင်မြန်မာ့လက်ရွေးစင်ယူ-၁၆ (Young Boys) အသင်းမှကစားသမားများ၊ တိုင်းနှင့်ပြည်နယ်ယူ-၁၈ပြိုင်ပွဲမှ ပေါ်ထွက်လာသော ကစားသမားများ စုစုပေါင်းအယောက် ၅၀ကျော်မှ ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
“ဒီအသင်းကို လာမယ့် ၂၀၂၄ခုနှစ်အတွင်းကျင်းပမယ့် အာဆီယံပြိုင်ပွဲနဲ့ အာရှအဆင့်ခြေစစ်ပွဲစ်တွေအတွက် ဖွဲ့စည်းခဲ့တာပါ။ ပြုပြင်ပြောင်းလဲစရာတွေ အများကြီးရှိနေသေးတယ်ဆိုပေမယ့် စနစ်တကျရွေးချယ်ဖွဲ့စည်းခဲ့တာဖြစ်လို့ လက်ရှိအစုအဖွဲ့လေး အားရကျေနပ်ပါတယ်။ လိဂ်-၂ပြိုင်ပွဲက အတွေ့အကြုံ အများကြီးရမယ့်ပြိုင်ပွဲ ဖြစ်လို့ အသင်းအတွက် အကျိုးရှိပါတယ် ” နည်းပြချုပ် ဦးအောင်နိုင်က ပြောသည်။