
အိုလံပစ်ခြေစစ်ပွဲတွင် မြန်မာကို ကျော်ဖြတ်ပြီး အီရန်အသင်း ဒုတိယအဆင့်သို့ တက်ရောက်
April 8, 2023
၂၀၂၄ အာရှခြေစစ်ပွဲအတွက် မြန်မာယူ-၁၇ အမျိုးသမီး ကစားသမားစာရင်း ထုတ်ပြန်
April 18, 2023ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် FIFA-MFF TDS Scouting Tour 2023 အစီအစဉ်ဖြင့် မျိုးဆက်သစ် ထူးချွန် လူငယ် ကစားသမားများအား နိုင်ငံတဝန်း ရှာဖွေ ရွေးချယ်သွား မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် အဆိုပါ အစီအစဉ်အား အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ မြို့နယ် ဘောလုံး အဖွဲ့ချုပ်များဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အသက်(၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅)အရွယ် ထူးချွန်သော မျိုးဆက်သစ် ကစားသမားများအား ဘောလုံး နည်းစနစ် ကျွမ်းကျင်မှုအလိုက် စနစ်တကျ စိစစ်ရွေးချယ်သွားမည် ဖြစ်သည်။
FIFA-MFF TDS Scouting Tour 2023 အစီအစဉ်ဖြင့် ဦးစွာ သွားရောက်ရွေးချယ်မည် မြို့များမှ မြစ်ကြီးနား၊ လားရှိုး၊ မန္တလေး၊ စစ်တွေ၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ် မြို့များနှင့် ပတ်ဝန်းကျင်ဒေသများ ဖြစ်ပြီး လာမည့် ဧပြီလ ၂၀ ရက်မှ ၂၈ ရက်အထိ ပထမအကြိမ် ရွေးချယ်မှု ပြုလုပ်မည်ဖြစ်သည်။ ယင်းနောက် အပြီးသတ် ရွေးချယ်ခြင်းကို မေလ ၉ ရက်၊ ၁၀ ရက်တို့တွင် မန္တလေးမြို့ မြန်မာဘောလုံး အကယ်ဒမီတွင် လည်းကောင်း၊ မေလ ၁၆ ရက်၊ ၁၇ ရက်တို့တွင် ရန်ကုန် အမျိုးသား ဘောလုံး အကယ်ဒမီတွင် လည်းကောင်း ပြုလုပ်သွားမည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ကစားသမား စာရင်းအား မေလ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာပေး သွားမည် ဖြစ်သည်။
FIFA-MFF TDS Scouting Tour 2023 အစီအစဉ်၏ ဒုတိယအကြိမ် ကစားသမား ရွေးချယ်ခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။
လာရောက်ရွေးချယ်ခံမည် လူငယ်များ အနေဖြင့် မှတ်ပုံတင်၊ ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနှင့် မွေးစာရင်းတို့အား ယူဆောင်လာရမည် ဖြစ်ပြီး ပူးတွဲပါ Link မှလျှောက်လွှာအား Download ရယူဖြည့်စွတ်၍ သက်ဆိုင်ရာ မြို့နယ်များရှိ အားကစားနှင့် ကာယပညာဦးစီးဌာနများသို့ ပေးပို့လျှောက်ထားရမည် ဖြစ်သည်။ ရွေးချယ်မည့်ရက် မတိုင်မီ တစ်ရက်အလိုတွင် လျှောက်လွှာတင်သွင်းမှု စာရင်းပိတ်မည်ဖြစ်သည်။
FIFA-MFF TDS Scouting Tour 2023 အစီအစဉ်အား မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် နည်းစနစ်ဌာနမှ ဆောင်ရွက်မည် ဖြစ်ပြီး ဝါရင့် မြန်မာ့ လက်ရွေးစင်ဟောင်းများ ဖြစ်သည့် ဦးတင်အောင်(ဂိုး)၊ ဦးအေးမောင်ကြီး၊ ဦးခင်မောင်လေး၊ ဦးငွေထွန်း တို့က အဖွဲ့(၄)ဖွဲ့၏ ခေါင်းဆောင်များအဖြစ် အသီးသီး ဦးဆောင်၍ ကစားသမားရွေးချယ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
အဖွဲ့အလိုက်သွားရောက် ရွေးချယ်မည့်မြို့များ
အဖွဲ့(၁) – ရန်ကုန်၊ ပဲခူး၊ ပြည်၊ စစ်တွေ
အဖွဲ့(၂) – ပုသိမ်၊ နေပြည်တော်၊ တောင်ကြီး
အဖွဲ့(၃)- မြစ်ကြီးနား၊ မန္တလေး၊ လားရှိုး
အဖွဲ့(၄) – ဘားအံ၊ မော်လမြိုင်၊ ထားဝယ်
မြို့နယ်အလိုက် သွားရောက်ရွေးချယ်မည့် အစီအစဉ်
ရန်ကုန် (၂၀-၄-၂၀၂၃)
ပဲခူး (၂၁-၄-၂၀၂၃)
ပုသိမ်၊ မြစ်ကြီးနား၊ ဘားအံ (၂၂-၄-၂၀၂၃)
ပြည် (၂၃-၄-၂၀၂၃)
မန္တလေး၊ မော်လမြိုင် (၂၄-၄-၂၀၂၃)
နေပြည်တော် (၂၅-၄-၂၀၂၃)
စစ်တွေ၊ လားရှိုး (၂၆-၄-၂၀၂၃)
တောင်ကြီး (၂၇-၄-၂၀၂၃)
ထားဝယ် (၂၈-၄-၂၀၂၃)
ရွေးချယ်ပွဲကျင်းပမည့် ကွင်းများ
မြစ်ကြီးနား- ပြည်နယ်ကွင်း
လားရှိုး – ခရိုင်ကွင်း
စစ်တွေ – ဝေသာလီကွင်း
တောင်ကြီး – ပြည်နယ်ကွင်း
နေပြည်တော် – ကွင်း ၁
ပုသိမ် – ကိုးသိန်းကွင်း
ရန်ကုန် – အကယ်ဒမီကွင်း
မန္တလေး – အကယ်ဒမီကွင်း
ဘားအံ – အောင်သံလွင်ကွင်း
ထားဝယ် – တိုင်းဘောလုံးကွင်း
မော်လမြိုင် – ကျောင်းသားကွင်း
ပြည် – ခရိုင်ကွင်း
ပဲခူး – တိုင်းဘောလုံးကွင်း