မြန်မာယူ၂၂ အသင်း ဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိ
April 28, 2023ဆီးဂိမ်းစ်နှင့် အာဆီယံဖူဆယ်ပြိုင်ပွဲအတွက် မြန်မာဒိုင်များတာဝန်ပေးအပ်ခံရ
April 28, 2023ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၃၂ ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသား ဘောလုံး အုပ်စု(က) ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ဒေသစံတော်ချိန် မနက် (၁၁း၀၀)နာရီက ဖနွမ်းပင်ဟိုတယ်တွင် ကျင်းပခဲ့ရာ အုပ်စု(က)အသင်းများ ဖြစ်ကြသည့် အိမ်ရှင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ အရှေ့တီမော၊ ဖိလစ်ပိုင်တို့မှ နည်းပြချုပ်များနှင့် ဒေသတွင်းနိုင်ငံများမှ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနည်းပြချုပ် မိုက်ကယ် Michael Feichtenbeiner က
“ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့အသင်းမှာ ပြီးခဲ့တဲ့ဆီးဂိမ်းစ် အတွေ့အကြုံရှိ ကစားသမားက နည်းနည်းလေးပဲရှိပါတယ်၊ အများစုကတော့ ပထမဆုံးအကြိမ်အဖြစ် ဆီးဂိမ်းစ် ကစားကြမယ့်သူတွေပါ။ ကျွန်တော်တို့ အတွက်တော့ တစ်သင်းချင်းစီ၊ တစ်ပွဲချင်းစီကိုပဲ ပစ်မှတ်ထားပြီး ပြိုင်ပွဲကို သေသေချာချာ ယှဉ်ပြိုင်သွားမှာပါ။ နည်းပြတစ်ဦးအနေနဲ့ကတော့ ကိုယ့်ကစားသမားတွေ အပေါ်ကို ယုံကြည်ထားပါတယ်။ တချို့ပွဲတွေမှာ အမှတ်ရဖို့ အခွင့်အရေး ရှိမယ်၊ တချို့ပွဲတွေမှာ ပြိုင်ဘက်ဆီက အမှတ်ရဖို့ ပိုမိုခက်ခဲတာရှိမယ် ဒါပေမဲ့ ပထမဆုံးက အသင်းကို ယုံကြည်မှုထားပြီး ကျွန်တော်တို့ ရနိုင်သမျှ ရမှတ်တွေ ယူထားချင်ပါတယ်။ ပြိုင်ဘက်အသင်းတွေ နည်းပြတွေကိုလည်း ကျွန်တော်တို့လေးစားရပါလိမ့်မယ်။ အုပ်စု(က)မှာ ပါဝင်ခွင့်ရတာ အင်မတန် စိတ်လှုပ်ရှားမိပါတယ်။ အိမ်ရှင်အသင်းလည်း အုပ်စုမှာပါနေတဲ့ အတွက် ပရိသတ်တွေ တကယ့်ကို ကွင်းအပြည့် လာရောက်အားပေးကြမှာ ဖြစ်သလို သူတို့ကို ဖျော်ဖြေမှု ပေးချင်တာကလည်း ကျွန်တော်တို့ ရည်မှန်းချက်တစ်ခုပဲ။” ဟု မီဒီယာများ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
မြန်မာအသင်း အနေဖြင့် ဆီးဂိမ်းစ် အုပ်စု(က) ပထမဆုံးပွဲအဖြစ် အရှေ့တီမော အသင်းနှင့် မေလ ၂ ရက်၊ မြန်မာစံတော်ချိန် ၃း၃၀ နာရီ National Stadium တွင်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။