အာရှဖလား ခြေစစ်ပွဲတွင် မြန်မာ အမျိုးသမီး ယူ-၁၇ အသင်း ရူံးနိမ့်
April 29, 2023MFF Newly Referee Course 1/2023 သင်တန်းဆင်းပွဲ ကျင်းပ
April 30, 2023ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) အမျိုးသမီး ဘောလုံးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ယနေ့နေ့လည်ပိုင်းက ရန်ကုန်အပြည်ဆိုင်ရာလေဆိပ်မှ ပြိုင်ပွဲကျင်းပရာ ကမ္ဘောဒီးယား ဖနွမ်းပင် မြို့သို့ ရောက်ရှိလာခဲ့သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းသည် အိမ်ရှင်နိုင်ငံ၏ စီစဉ်မှုဖြင့် ဖနွမ်းပင်ဟိုတယ်တွင် အခြားသော ပြိုင်ပွဲဝင် အသင်းများနှင့်အတူ တည်းခိုနေထိုင်ပြီး လေ့ကျင့်မှုများပြုလုပ်မည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အနေဖြင့် ဆီးဂိမ်းစ် အမျိုးသမီး ဘောလုံး အုပ်စု(က)တွင် ဖိလစ်ပိုင်၊ဗီယက်နမ်၊မလေးရှား အသင်းများဖြင့် ကျရောက်နေပြီး အုပ်စုပွဲစဉ်များ အားလုံး RCAF ကွင်းတွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ပွဲစဉ်များအား အခမဲ့ကြည့်ရှု့နိုင်မည့် ဆိုရှယ်မီဒီယာများမှ တိုက်ရီုက် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာလက်ရွေးစင်အမျိုးသမီး ပွဲစဉ်များ
၃ မေ ၂၀၂၃ (မြန်မာအချိန် ၇:၃၀ နာရီ) မြန်မာ နှင့် ဖိလစ်ပိုင်
၆ မေ ၂၀၂၃ (မြန်မာအချိန် ၃း၃၀ နာရီ) မြန်မာ နှင့် ဗီယက်နမ်
၉ မေ ၂၀၂၃ (မြန်မာအချိန် ၃၃၀ နာရီ) မြန်မာ နှင့် မလေးရှား
မြန်မာ ယူ၂၂ အသင်း နည်းပြ/အုပ်ချုပ် အဖွဲ့
အသင်း မန်နေဂျာ – ဒေါ်မြတ်မြတ်ဦး
နည်းပြချုပ် – Uki Tetsuro
လက်ထောက်နည်းပြများ – ဒေါ်သက်သက်ဝင်း၊ ဒေါ်စန်းစန်းမော်၊ ဦးစထက်နိုင်ဝင်း
ဂိုးနည်းပြ- ဦးယဉ်မင်းအောင်
ကာယကြံ့ခိုင်ရေးနည်းပြ-ဦးထွန်းဇော်
အသင်းဆရာဝန် – ဒေါက်တာယုနန္ဒာထွန်း
Physiotherapist – ဦးအောင်အောင်
အသင်းအတွင်းရေးမှူး – ဒေါ်ခင်နံသာဦး
Video Analysis – ဦးမြတ်စိုးသူ
ပြန်ကြားရေးတာဝန်ခံ – ဦးအောင်သော်ဖြိုး
စကားပြန် – ဦးခန့်ဇော်နိုင်
အပြီးသတ် ကစားသမား စာရင်း