
MFF Newly Referee Course 1/2023 သင်တန်းဆင်းပွဲ ကျင်းပ
April 30, 2023
အင်ဒိုနီးရှားနဲ့ ပွဲအတွက် ရလဒ်ကောင်း ရဖို့ ကြိုတင်ပြင်ဆင်သွားပါမယ်-Michael Feichtenbeiner
May 2, 2023ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၃၂ ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသမီးဘောလုံး အုပ်စု(က) ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ဒေသစံတော်ချိန် မေလ ၂ရက် မနက် (၁၁း၀၀)နာရီက ဖနွမ်းပင်ဟိုတယ်တွင် ကျင်းပခဲ့ရာ အုပ်စု(က)အသင်းများ ဖြစ်ကြသည့် ဖိလစ်ပိုင်၊ မြန်မာ၊ဗီယက်နမ်၊ မလေးရှားအသင်းတို့မှ နည်းပြချုပ်များနှင့် ဒေသတွင်းနိုင်ငံများမှ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနည်းပြချုပ် Uki Tetsuro က “မြန်မာအသင်းကို နည်းပြချုပ်အသစ်အနေနဲ့ ကိုင်တွယ်ချိန်ကနည်းခဲ့ပါတယ်။ ဒီကာလထဲမှာ ကစားသမားတွေ အုပ်ချုပ်မှုအဖွဲ့တွေအနေနဲ့ အကောင်းဆုံးပူးပေါင်းကြိုးစားခဲ့ကြပါတယ်။ တကယ်ကိုပြိုင်ဆိုင်မှုပြင်းထန်မယ့် အုပ်စုမှာ ကျရောက်နေတာဖြစ်လို့ မိမိတို့ တက်စွမ်းသလောက် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားပါမယ်။ ကျွန်တော့်အနေနဲ့ အသင်းကို အချက် ၂ချက်ပြင်ဆင်ခဲ့ပါတယ်။ အသင်းသားတွေ ကိုယ့်ကိုကိုယ်ယုံကြည်မှုပြန်ရလာဖို့နဲ့ ကျွန်တော်တို့အသင်းရဲ့ အားသာချက်တွေကို ကောင်းကောင်းအသုံးချနိုင်ဖို့ပါ။ အကောင်းဆုံး ယှဉ်ပြိုင်ကြိုးစားသွားပါမယ်။ ” ဟု မီဒီယာများ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
မြန်မာအသင်းအမျိုးသမီးအသင်း အနေဖြင့် ဆီးဂိမ်းစ် အုပ်စု(က) အဖွင့်ပွဲအဖြစ် ဖိလစ်ပိုင် အသင်းနှင့် မေလ ၃ ရက်၊ မြန်မာစံတော်ချိန် ၇:၃၀ နာရီ Army Stadium တွင်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။