အဖွင့်ပွဲစဉ် ဖိလစ်ပိုင်ကို အနိုင်ရခဲ့သည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း
May 3, 2023ဆီမီးဖိုင်နယ်တက်ဖို့ ဖိလစ်ပိုင်နဲ့ပွဲစဉ်ကို ဗိုလ်လုပွဲတစ်ပွဲလို ကျွန်တော်တို့ ကစားသွားမှာပါ
May 7, 2023(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးအားကစား အုပ်စု (က) ဒုတိယပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အမျိုးသမီးအသင်းတို့ ယနေ့ မေလ ၆ရက်နေ့ မြန်မာစံတော်ချိန် ၃နာရီ ၃၀မိနစ်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ဗီယက်နမ်အသင်းက ၃-၁ ဂိုးရလဒ်ဖြင့် မြန်မာအသင်းကို အနိုင်ရရှိခဲ့ပြီး အုပ်စုပထမနေရာတွင် ဦးဆောင်နိုင်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဗီယက်နမ်အသင်းနှင့်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းကို ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့သည့် လူစာရင်းအတိုင်း မျိုးမြမြငြိမ်း(ဂိုး)၊ မိုးမမစိုး၊ ဇွန်ယုယဦး၊ မေသက်မွန်မြင့်၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ စန်းသော်သော်၊ ဂျူလိုင်ကျော်၊ ဝင်းသိင်္ဂီထွန်း တို့ကို့အသုံးပြုခဲ့ပြီးလူစားလဲလှယ်မှုများအဖြစ် မေသက်မွန်မြင့်အစား ရူပါခိုင်၊ ဂျူလိုင်ကျော်အစား မြတ်နိုးခင်၊ ဝင်းသိင်္ဂီထွန်းအစား လင်းမြင့်မိုရ်တို့ကို အစားထိုးလဲလှယ်အသုံးပြုခဲ့သည်။
“ကျွန်တော်တို့အကောင်းဆုံးကြိုးစားခဲ့ပေမယ့် အရှုံးရလဒ်ရခဲ့လို့ ပရိသတ်တွေ ကစားသမားနဲ့ တာဝန်ရှိသူအားလုံးကို တောင်းပန်ပါတယ်။ ကစားသမားတွေအနေနဲ့လည်း ကျွန်တော့်ရဲ့ ညွှန်ကြားချက်အတိုင်း အတိအကျနဲ့ အကောင်းမွန်ဆုံး လိုက်ကစားပေးခဲ့တယ်လို့မြင်ပါတယ်။
ဒီနေ့ပွဲမှာတော့ ကျွန်တော့်ရဲ့ ဒီပွဲစဉ်ကိုချဥ်းကပ်မှုတွေ အသင်းကိုညွှန်ကြားမှုတွေက အနိုင်ရလဒ်အတွက် မလုံလောက်ခဲ့ဘူးလို့မြင်ပါတယ်။ အသင်းကြီး ၂သင်းကိုဆက်တိုက်ရင်ဆိုင်ရတယ့်အခါမျိုးမှာ ကစားသမားတွေရဲ့ ပင်ပန်းနွမ်းနယ်မှုတွေရှိပြီး သူတို့ရဲ့ ပုံမှန်ခြေစွမ်းတွေပျောက်ဆုံးနေတာမျိုးတွေရှိတတ်ပါတယ်ကျွန်တော့်အနေနဲ့ ကစားသမားတွေကို နှစ်ပွဲဆက်တိုက် အားသွန်ခွန်စိုက်ရုန်းကန်ခိုင်းမိတာက အသင်းကို အားနည်းသွားစေတယ်လို့ထင်ပါတယ်။ ပြိုင်ပွဲကမပြီးဆုံးသေးတာဖြစ်လို့ မလေးရှားအသင်းနဲ့ပွဲစဥ်အတွက် အကောင်းဆုံးပြင်ဆင်ပြီး ယှဉ်ပြိုင်သွားမှာပါ။ ဒဏ်ရာရကစားသမားတွေ ပွဲပန်းနေတယ့်ကစားသမားတွေ အလျှင်အမြန် Recovery ပြန်ရဖို့အတွက်ကိုလည်း အကောင်းဆုံးကြိုးစားသွားမှာပါ” ဟု မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ် Uki Tetsuro က ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် အုပ်စု(က)နောက်ဆုံးပွဲစဉ်အဖြစ် မလေးရှားအသင်းနှင့် မေလ ၉ရက်နေ့ မြန်မာစံတော်ချိန် ၃နာရီ ၃၀မိနစ်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။