ဆီမီးဖိုင်နယ်တက်ဖို့ ဖိလစ်ပိုင်နဲ့ပွဲစဉ်ကို ဗိုလ်လုပွဲတစ်ပွဲလို ကျွန်တော်တို့ ကစားသွားမှာပါ
May 7, 2023FIFA – MA Refereeing Course 2023 သင်တန်းဖွင့်လှစ်
May 10, 2023ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် FIFA-MFF TDS Scouting Tour 2023 အစီအစဉ်ဖြင့် မျိုးဆက်သစ် ထူးချွန် လူငယ် ကစားသမားများအား နိုင်ငံတဝန်း ရှာဖွေ ရွေးချယ်သွား မည်ဖြစ်ရာ ပထမအဆင့် ရွေးချယ်မှုများ ပြီးဆုံးသွားပြီဖြစ်ပြီး အပြီးသတ် ဆန်ကာတင် ရွေးချယ်ခြင်း အစီအစဉ်ကို ဆက်လုပ်ပြုလုပ်သွားမည်ဖြစ်သည်။
ပထမအဆင့် ရွေးချယ်မှုများကို ဧပြီ ၂၀ မှ ၂၈ ထိ ပြုလုပ်ခဲ့ပြီး ယူ-၁၁၊ ယူ-၁၂၊ ယူ-၁၃၊ ယူ-၁၄၊ ယူ-၁၅ သက်တမ်းများအတွက် နိုင်ငံတဝန်းမှ ပဏာမ ကစားသမား စုစုပေါင်း ၂၅၂ ဦး ရွေးချယ်ခံခဲ့ရသည်။
ရန်ကုန်၊ ပဲခူး၊ ပြည်၊ စစ်တွေ၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်နှင့် အနီးဝန်းကျင်မှ ပထမအဆင့် ရွေးချယ်ခံရသော ယူ-၁၁၊ ယူ-၁၂၊ ယူ-၁၃ ကစားသမားများ အနေဖြင့် မေ ၁၅ ရက်တွင်လည်းကောင်း၊ ယူ-၁၄၊ ယူ-၁၅ ကစားသမားများ အနေဖြင့် မေ ၁၆ ရက်တွင် လည်းကောင်း ရန်ကုန်မြို့ အမျိုးသားဘောလုံး အကယ်ဒမီ လေ့ကျင့်ရေးကွင်းတွင် နံနက် ၇း၀၀ နာရီမှ စတင်စာရင်းပေးသွင်း၍ အပြီးသတ် ရွေးချယ်မှု ခံယူရမည်ဖြစ်သည်။
မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ နေပြည်တော်၊ တောင်ကြီးနှင့် အနီးဝန်းကျင်မှ ပထမအဆင့် ရွေးချယ်ခံရသော ယူ-၁၁၊ ယူ-၁၂၊ ယူ-၁၃ ကစားသမားများ အနေဖြင့် မေ ၁၈ ရက်တွင်လည်းကောင်း၊ ယူ-၁၄၊ ယူ-၁၅ ကစားသမားများ အနေဖြင့် မေ ၁၉ ရက်တွင်လည်းကောင်း မန္တလေးမြို့ မြန်မာဘောလုံး အကယ်ဒမီတွင် နံနက် ၇း၀၀ နာရီမှ စတင်စာရင်းပေးသွင်း၍ အပြီးသတ် ရွေးချယ်မှု ခံယူရမည်ဖြစ်သည်။
ကစားသမားများ အနေဖြင့် မှတ်ပုံတင် အိမ်ထောင်စုစာရင်း၊ ကျောင်းထောက်ခံစာ၊ မွေးစာရင်း စသည်တို့ကို မူရင်း၊မိတ္တူ မပျက်မကွက်တပါတည်း ယူဆောင်လာပြီး သတ်မှတ်ထားသော နေ့ရက်၊ အချိန်မီ စာရင်းပေးသွင်းရန် လိုအပ်ပါသည်။
ရွေးချယ်ခံရသည့် ကစားသမား စာရင်းအား မေလ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာပေး သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် အဆိုပါ အစီအစဉ်အား အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ မြို့နယ် ဘောလုံး အဖွဲ့ချုပ်များဖြင့် ပူးပေါင်း ဆောင်ရွက်နေပြီး အသက်(၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅)အရွယ် ထူးချွန်သော မျိုးဆက်သစ် ကစားသမားများအား ဘောလုံး နည်းစနစ် ကျွမ်းကျင်မှုအလိုက် စနစ်တကျ စိစစ်ရွေးချယ်နေခြင်း ဖြစ်သည်။
FIFA-MFF TDS Scouting Tour 2023 ကစားသမား ရွေးချယ်မှုများကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် နည်းစနစ်ဌာနမှ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဝါရင့် မြန်မာ့ လက်ရွေးစင်ဟောင်းများ ဖြစ်သည့် ဦးတင်အောင်(ဂိုး)၊ ဦးအေးမောင်ကြီး၊ ဦးခင်မောင်လေး၊ ဦးငွေထွန်း တို့က အဖွဲ့(၄)ဖွဲ့၏ ခေါင်းဆောင်များအဖြစ် အသီးသီး ဦးဆောင်၍ ကစားသမားရွေးချယ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။