FIFA – MA Refereeing Course 2023 သင်တန်းဖွင့်လှစ်
May 10, 2023အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု (ခ)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
May 12, 2023၂၀၂၃ ဆီးဂိမ်းစ် အမျိုးသားဘောလုံး ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့ မနက် ၁၁ နာရီက ဖနွမ်းပင်ဟိုတယ်တွင် ကျင်းပခဲ့ရာ မြန်မာ ယူ၂၂ အသင်းနည်းပြချုပ် မိုက်ကယ် Michael Feichtenbeiner နှင့် အသင်းခေါင်းဆောင် ဇော်ဝင်းသိန်းတို့ တက်ရောက်ခဲ့ကြည်သည်။ မြန်မာ ယူ၂၂ အသင်းသည် အုပ်စု(က)တွင် လေးပွဲကစား သုံးပွဲအနိုင် ရမှတ်(၉)မှတ်ဖြင့် အုပ်စု ဒုတိယနေရာမှ ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။
” ကျွန်တော်တို့ ရည်မှန်းချက် အတိုင်းပဲ ဆီမီးဖိုင်နယ်ကို ရောက်ရှိလာပြီဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ ကစားသမားတွေ ကြိုးစားမှုကြောင့် ပရိသတ်တွေလည်း ပျော်ရွှင်ကြတယ်ဆိုတာ သိရပါတယ်။ ကျွန်တော်တို့ အသင်းက ပြိုင်ပွဲမစတင်မီမှာ ရေပန်းစားတဲ့ အသင်းမဟုတ်ဘဲ အားလုံးက အောက်အသင်း တစ်သင်း အနေနဲ့ သဘောထားကြတာပါ။ မှန်ပါတယ်။ ကျွန်တော်တို့ တစ်ဆင့်ချင်းပဲ အကောင်းဆုံး ဖြစ်အောင် တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာအောင် ကြိုးစားနေရပါတယ်။ ဆီမီးဖိုင်နယ်မှာလည်း ကျွန်တော်တို့ ကစားသမားတွေ အမြင့်ဆုံး လုပ်ပြနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။” ဟု မြန်မာယူ၂၂ နည်းပြချုပ်က ဆိုသည်။
” ဆီမီးဖိုင်နယ် ရောက်ရှိလို့ အသင်းဖော်တွေ နည်းပြတွေ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ နည်းပြလမ်းညွှန်မှုအောက်မှာ အကောင်းဆုံး ကြိုးစားပြီး ဆီမီးဖိုင်နယ်ကို ယှဉ်ပြိုင်သွားမှာပါ။ ထိုင်းအသင်းက နည်းဗျူဟာကျကျ ကစားတတ်တဲ့ အသင်းကောင်း တစ်သင်းပါ။ ကျွန်တော်တို့လည်း အသင်းလိုက် ညီညွတ်မှု အပြည့်နဲ့ကစားတတ်တဲ့ အသင်းတစ်သင်းပါ။ ရလဒ်ကောင်း ရရှိဖို့ ကျွန်တော်တို့ အစွမ်းရှိသမျှ ကြိုးစားပြီး ဗိုလ်လုပွဲအတွက် ယှဉ်ပြိုင်သွားပါမယ်” ဟု အသင်းခေါင်းဆောင် ဇော်ဝင်းသိန်းက ပြောကြားခဲ့သည်။
မြန်မာ ယူ၂၂ အသင်းနှင့် ထိုင်း ယူ၂၂ အသင်းတို့ ၂၀၂၃ ဆီးဂိမ်းစ် ဆီမီးဖိုင်နယ် ပွဲစဉ်ကို မေလ ၁၃ ရက်၊ မြန်မာစံတော်ချိန် ည (7:30) နာရီ၊ အိုလံပစ်အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး MRTV HD, MRTV Sports နှင့် ဆိုရှယ်မီဒီယာများမှ တိုက်ရိုက်ပြသသွားမည် ဖြစ်သည်။