၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်း ဖိလစ်ပိုင်ကို အနိုင်ရရှိ
July 8, 2023၂၀၂၃ အာဆီယံအမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့သည့် မြန်မာ
July 13, 2023မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ အုပ်စု (ဂ) နောက်ဆုံးပွဲစဉ်တွင် ထိုင်းအမျိုးသမီး ယူ-၁၉ အသင်းကို (၁-၀) ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း အကောင်းဆုံး အုပ်စုဒုတိယနေရာဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-ဖီးဗေ၊ နောက်တန်း- မေသက်မွန်မြင့်၊ ခင်ဌေးကြိုင်၊ ယုယုနိုင်၊ ဒီဇင်ဘာနှင်း၊ အလယ်တန်း- ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ ဟေမာန်စိုး၊ ယွန်းဝတီလှိုင်၊ ရှေ့တန်း- ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့်တို့ ပါဝင်ကစားခဲ့ကြပြီး လူစားဝင် ကစားသမားများအဖြစ် ကြယ်စင်၊ သိင်္ဂီထွေး၊ သဲအိမွန်သောင်း၊ ဝေဟင်ဖြိုး၊ စန္ဒာလင်းတို့ ဝင်ရောက်ကစားခဲ့ကြသည်။
အုပ်စု (ဂ) တွင် သုံးမှတ်ကိုယ်စီရထားကြသော မြန်မာအသင်းနှင့် ထိုင်းအသင်းတို့သည် ယခုပွဲတွင် ရလဒ်ကောင်းရရှိရေးအတွက် ကြိုးစားကစားခဲ့ကြပြီး အခွင့်အရေးများလည်း အပြန်အလှန်ရရှိခဲ့ကြသည်။
မြန်မာအသင်း တိုက်စစ်မှ အခွင့်အရေးများ ရရှိခဲ့သကဲ့သို့ ထိုင်းအသင်း၏ ဂိုးကန်သွင်းချက်များကိုလည်း မြန်မာနောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်နိုင်ခဲ့ကြသည်။ သို့ရာတွင် ဒုတိယပိုင်း ပြီးဆုံးကာနီး ထပ်ဆောင်းအချိန်ပိုတွင် ထိုင်းအသင်း၏ အဝေးကန်ချက်ကို ခွင့်ပြုခဲ့ရသဖြင့် မြန်မာတို့ (၁-၀)ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။
ပွဲအပြီးတွင် မြန်မာအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက “ခက်ခဲတဲ့ ပွဲတစ်ပွဲပါ။ ကလေးတွေ အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ အကောင်ထည်ပေါ်လာဖို့အတွက် လာမဲ့ပွဲတွေမှာ အမှားတွေကို ပြင်ဆင်ပြီး အကောင်းဆုံးကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။
အုပ်စုပွဲစဉ်များ ပြီးဆုံးသွားချိန်တွင် အုပ်စုပထမရသော အသင်းများဖြစ်သည့် အုပ်စု (က)မှ အင်ဒိုနီးရှား၊ အုပ်စု (ခ)မှ ဗီယက်နမ်၊ အုပ်စု (ဂ)မှ ထိုင်းအသင်းတို့နှင့် အကောင်းဆုံး အုပ်စု ဒုတိယရရှိသည့် မြန်မာအသင်းတို့ ဆီမီးတက်ခဲ့ကြသည်။
ဆီမီးအဆင့်တွင် Tournament regulations ပြောင်းလဲမှုအရ အုပ်စု (က) ပထမနှင့် အုပ်စု (ဂ) ပထမ၊ အုပ်စု (ခ) ပထမနှင့် အကောင်းဆုံး အုပ်စုဒုတိယ အသင်းတို့ တွေ့ဆုံကြရမည်ဖြစ်ရာ အင်ဒိုနီးရှားနှင့် ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာတို့ ရင်ဆိုင်ကစားကြရမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့မှာ ပထမပွဲစဉ်အဖြစ် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ကစားကြရမည်ဖြစ်သည်။