၂၀၂၃ အာဆီယံအမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့သည့် မြန်မာ
July 13, 2023၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်း တတိယရရှိ
July 15, 2023ဂျပန်နိုင်ငံ၊ချီဘားမြို့တွင် လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြလုပ်မည့် ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမားရွေးချယ်ပွဲ(ရန်ကုန်ဇုန်)အား သုဝဏ္ဏကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်း-၁ (စက်ဘီးကွင်း)တွင် ဇူလိုင်လ ၁၄ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဒေသအသီးသီးမှ ကစားသမား ၁၅၀ ကျော် လာရောက် ရွေးချယ်ခံခဲ့သည်။
အဆိုပါပွဲသို့ မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ် အထွေ ထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ် လိဂ် အမှုဆောင်ချုပ် ဦးစိုးမိုးကျော်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊သတင်းမီဒီယာများ၊လာရောက်ရွေးချယ်ခံသည့် ကစားသမားများနှင့် မိသား စုဝင်များ တက်ရောက်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၂ ကစားသမား အပြီး သတ်(၁၈)ဦး ရွေးချယ်ပြီးပါက ဂျပန်နိုင်ငံသို့ သွားရောက်၍ U12 Junior Soccer World Challenge 2023 ပြိုင်ပွဲအား ဉရောပကလပ်များဖြစ်သည့် ဘာစီလိုနာလူငယ်၊ ဂျူဗင်တပ်လူငယ်၊ ဘိုင်ယန်မြူးနစ်လူငယ်၊ ဂျေလိဂ်လူငယ်ကလပ်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာဆီယံဒေသတွင် လက်ရှိအချိန်ထိ မြန်မာယူ-၁၂ အသင်းသာ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းသွင်းခံထားရပြီး မကြာမီ ပြိုင်ပွဲဝင် အသင်း ၃၂ သင်းစာရင်းအား ထုတ်ပြန်သွားမည်ဖြစ်သည်။ မြန်မာ ယူ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အား AYA Bank မှ ပံ့ပိုးကူညီသွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမားရွေးချယ်ပွဲ(ရန်ကုန်ဇုန်)အား သုဝဏ္ဏကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်း-၁ (စက်ဘီးကွင်း)တွင် ဇူလိုင်လ ၁၅ရက် နံနက်ပိုင်းတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ် သည်။ ထို့အပြင် မြန်မာ့လက်ရွေးစင် ယူ ၁၂ ကစားသမားရွေးချယ်ပွဲ(မန္တလေးဇုန်)အား မန္တလေး မြန်မာဘောလုံးအကယ်ဒမီတွင် ဇူလိုင် ၁၆နှင့် ၁၇တို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ #MFFMYANMAR #AYABank #WARRIX #FRESH #novotelyangonmax #AlpineDrinkingWater #Pan