၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်း တတိယရရှိ
July 15, 2023မြန်မာဖူဆယ်အသင်း Continental Futsal Championship ပြိုင်ပွဲ အုပ်စု (A)တွင် ယှဉ်ပြိုင်ရမည်
July 21, 2023ဂျပန်နိုင်ငံ ချီဘားမြို့တွင် လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြလုပ်မည့် ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် ပဏာမ မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမား (၄၀)ဦး စာရင်းအား နည်းပြအဖွဲ့နှင့် ကစားသမား ရွေးချယ်ရေး အဖွဲ့တို့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ယူ၁၂ ကစားသမား ရွေးချယ်ရေးအဖွဲ့နှင့် ယူ၁၂ နည်းပြအဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင် ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များက အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဇုန်(၂)ခုခွဲ၍ ကစားသမား ရွေးချယ်ပွဲများ ပြုလုပ်ခဲ့ပြီး ပဏာမစာရင်းအား ကနဦး စိစစ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ပဏာမစာရင်းတွင် ပြင်ပမှ လာရောက်ရွေးချယ်ခံသူ ၂၃ ဦး၊ အကယ်ဒမီများမှ ၁၇ ဦး၊ စုစုပေါင်း (၄၀)ဦးရွေးချယ်ခံခဲ့ရပြီး အဆိုပါ ကစားသမားများအား မြန်မာ့လက်ရွေးစင် အသင်းများအဆောင်တွင် စခန်းဝင် လေ့ကျင့်စေပြီးနောက် ကစားသမား(၂၅)ဦးအား ထပ်မံရွေးထုတ်သွားမည် ဖြစ်သည်။ (ကစားသမားရွေးချယ်ရာတွင် နိုင်ငံဒေသ အသီးသီးသို့ သွားရောက်ရွေးချယ်ခဲ့သည့် FIFA-MFF TDS Scouting Tour မှကစားသမားများ၊ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဒေသအသီးသီးမှ ကစားသမားများအား ဖိတ်ခေါ်၍ မြန်မာ ယူ၁၂ နည်းပြအဖွဲ့နှင့် Scouting အဖွဲ့တို့မှ ဇုန်အလိုက် ရွေးချယ်ခဲ့ခြင်းဖြစ်) အဆိုပါ ၂၅ ဦးလူစာရင်းအတိုင်း လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ပြီး ဩဂုတ်လ ဒုတိယအပတ်အတွင်း အပြီးသတ် ကစားသမား (၁၈)ဦးကို ရွေးချယ်ထုတ်ပြန်၍ ဂျပန်နိုင်ငံသို့ U12 Junior Soccer World Challenge 2023 ပြိုင်ပွဲအား သွားရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
မြန်မာ ယူ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အား AYA Bank မှ ပံ့ပိုးကူညီသွားမည်ဖြစ်သည်။
#MFFMYANMAR
#AYABank
#WARRIX
#FRESH
#novotelyangonmax
#AlpineDrinkingWater
#Pan