MFF “D” Certificate Coaching Course သင်တန်းဖွင့်ပွဲကျင်းပ
August 10, 2023MFF “D” CERTIFICATE COACHING COURSE သင်တန်းဆင်းပွဲကျင်းပ
August 13, 2023Continental Futsal Championship 2023 ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာအသင်းနှင့် ချက် အသင်းနဲ့ပွဲစဉ်တွင် မြန်မာအသင်းသည် ၅-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ချက်အသင်းအတွက် သွင်းဂိုးများကို ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်းတွင် သုံးဂိုး သွင်းယူခဲ့ခြင်းဖြစ်ပြီး မြန်အအသင်းအတွက် ချေပဂိုးကို လှိုင်မင်းထွန်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ချက်နှင့် ကစားခဲ့သော ဆီမီးဖိုင်းနယ် ပွဲစဉ် မြန်မာဖူဆယ် အသင်းနည်းပြချုပ် Mr.Bunlert Charoenwong က”ဒီပွဲစဉ်ရဲ့ ရလဒ်ကို ကျေနပ်ပါတယ်။ ချက်အသင်းနဲ့ ကျွန်တော်တို့ အသင်းထက် ကမ္ဘာ့အဆင့် ရပ်တည်မှုမြင့်မားတဲ့ အသင်းတစ်သင်းပါ။ ဒီပွဲစဉ်မှာ ကစားသမားတွေလည်း အကောင်းဆုံး ကစားခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြန်ရောက်တာနဲ့ အမှားတွေကို ပြင်ဆင်ပြီး ကစားသမားတွေအနေနဲ့ နည်းစနစ်အတိုင်း သေချာကစားနိုင်အောင် ပြင်ဆင်သွားမှာပါ။ အာရှဖလားပြိုင်ပွဲ ကစားနိုင်ဖို့အတွက်လည်း အကောင်းဆုံး ပြင်ဆင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
မြန်မာအသင်းသည် Continental Futsal Championship 2023 ပြိုင်ပွဲ၏ တတိယနေရာလုပွဲအဖြစ် အာဖဂန်နစ္စတန် အသင်းနှင့် ဩဂုတ် ၁၃ ရက် မြန်မာစံတော်ချိန် ညနေ (၄)နာရီတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။