
ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲတွင် မြန်မာနှင့် နီပေါ ဂိုးမရှိ သရေကျ
September 8, 2023
FIFA – MFF U15 LEAGUE COACH REFRESHER COURSE သင်တန်းဆင်းပွဲ ကျင်းပ
September 9, 2023တရုတ်နိုင်ငံတွင် ကျင်းပမည့် ၉ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ရန်ကုန်မြို့တွင် နောက်ဆုံး လေ့ကျင့်ပြင်ဆင်မှုအနေဖြင့် စက်တင်ဘာ ၈ရက်က အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်) ယူ – ၁၆ အသင်းနှင့်ခြေစမ်းပွဲ ယှဥ်ပြိုင်ကစားခဲ့သည်။
အဆိုပါ ခြေစမ်းပွဲစဉ်ကို သာမန်ပွဲကစားချိန်အတိုင်း ၄၅ မိနစ် ၂ပိုင်း အပြင် အချိန်ပို မိနစ် ၃၀ စုစုပေါင်း မိနစ် ၁၂၀ ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက ၁-၀ဂိုးဖြင့်အနိုင်ရခဲ့ကာ ဒုတိယပိုင်းတွင် အကယ်ဒမီ ယူ-၁၆ အသင်းက ၁-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ အချိန်ပို မိနစ် ၃၀တွင် အကယ် ဒမီ ယူ – ၁၆အသင်း က ၄-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် ရန်ကုန်မြို့တွင် စခန်းသွင်း လေ့ကျင့်မှုပြီးနောက် စက်တင်ဘာ ၁၀ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ စမွတ်ပရာကန်သို့ သွားရောက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် လေ့ကျင့်ရေးအစီအစဉ်များ ပြုလုပ်၍ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးသည် ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲ (၂)ပွဲ ကစားမည်ဖြစ်ပြီး စက်တင်ဘာ ၁၃ရက်တွင် ဝစ်စူထီဝါရာရမ် ယူ-၁၅သင်း နှင့် လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်တွင် ထိုင်းလက်ရွေးစင် အမျိုး သမီးအသင်းနှင့်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွား မည်ဖြစ်သည်။

မြန်မာ့ လက်ရွေးစင်အမျိုးသမီး နည်းပြချုပ် Uki Tetsuro သည် စက်တင်ဘာ ၈ရက်တွင် ထိုင်းနိုင်ငံ ခြေစမ်း ခရီးစဉ်အတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း လူစာရင်းကို ထုတ်ပြန်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လူစာရင်း
ဂိုး- မေဇင်နွယ်၊မျိုးမြမြငြိမ်း၊မေဦးခင်၊ထက်အိန္ဒြာလင်း
နောက်တန်း – ဇွန်ယုယဦး၊ မိုးမမစိုး၊ ဖြူဖွေး၊ခိုင်သဇင်၊ယုယုနိုင်၊ အိအိကျော်၊ မေသက်မွန်မြင့်၊ငယ်ငယ်ထွေး၊ဖြူဖြူဝင်း
အလယ်တန်း- ခင်မိုမိုထွန်း၊ဝင်းဝင်း၊ပုံ့ပုံ့ပြည့်မောင်၊နော်ထက်ထက်ဝေ၊ဝေဖူးအိမ်
ရှေ့တန်း- မြတ်နိုးခင်၊စန်းသော်သော်၊ဂျူလိုင်ကျော်၊ယဉ်လွန်းအိမ်၊ဇင်မိုးပြည့်၊ယွန်းဝတီလှိုင်၊ဝင်းသိင်္ဂီထွန်း