မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် INFRASTRUCTURE COMMITTEE MEETING ကျင်းပ
October 5, 2023မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် အနိုင်ရရှိ
October 7, 2023မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မီဒီယာနှင့် သတင်းဆက်သွယ်ရေး ကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၅ ရက် နေ့လယ်က ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ မီဒီယာနှင့် သတင်းဆက်သွယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးချစ်ဝင်းမောင်၊ ဒု- ဥက္ကဋ္ဌ ဦးအောင်မျိုးရှိန်နှင့် ဦးပြည့်ဖြိုးဟန်၊ MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ ကော်မတီ အဖွဲ့ဝင် ဦးထွန်းထွန်းဦး၊ ဦးလင်းသစ်လွင်မော်၊ ဦးမြတ်ထွဋ်ဝင်း၊ မီဒီယာဌာန တာဝန်ခံ ဦးဇော်မင်းထိုက်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ကော်မတီ အစည်းအဝေးတွင် ရှေးဦးစွာ မီဒီယာနှင့် သတင်းဆက်သွယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးချစ်ဝင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် မီဒီယာဌာန တာဝန်ခံ ဦးဇော်မင်းထိုက်တို့က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာသူများက တင်ပြထားသော အချက်အလက်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။