MFF NEWLY REFEREE COURSE 2/2023 သင်တန်းဖွင့်လှစ်
October 4, 2023မီဒီယာနှင့် သတင်းဆက်သွယ်ရေး ကော်မတီ အစည်းအဝေးပြုလုပ်
October 5, 2023မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Infrastructure Committee Meeting ကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက Video Conferencing ဖြင့် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ၊ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်း၊ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး ဦးကိုကိုသိန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးထောင်ထာထန်း ၊ ဦးကိုကိုဌေး၊ ဒေါက်တာရဲမွန်ထွဋ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကော်မတီ အစည်းအဝေးတွင် ရှေးဦးစွာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်းတို့က အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက အဖွဲ့ချုပ်၏ Infrastructure လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။
ယင်းနောက် အစည်းအဝေး အစီအစဉ်အတိုင်း တက်ရောက်လာသည့် ကော်မတီ အဖွဲ့ဝင်များက တင်ပြထားသော အချက်အလက်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကာ အစည်းအဝေးအား ရုတ်သိမ်းခဲ့သည်။