လူငယ် မျိုးဆက်သစ် ကစားသမားများ ထွက်ပေါ်လာရေး နှင့် မြန်မာ့လက်ရွေးစင် လူငယ် အသင်းများအား ထောက်ပံ့မှု ဖြစ်စေရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်သည့် FIFA-MFF U17 League 2023 – 2024 ပြိုင်ပွဲ ကို အသင်းပေါင်း ၁၂ သင်းဖြင့် ဒီဇင်ဘာ ၂၉ ရက်တွင် စတင်ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲ ခြေစစ် ပွဲစဥ်များကို ၂၀၂၃ ဒီဇင်ဘာ ၂၀ မှ ၂၄ ရက် အထိကျင်းပခဲ့ရာ Maubin FC ၊ Insein City FC၊ Burmese Youth FC၊ Naypyitaw United FC ၊ Su Latt Myint Mo FC၊ City Shwepyithar FC အသင်းများ ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။
ခြေစစ်ပွဲအောင် အသင်း ၆သင်းသည် တိုက်ရိုက် ဝင်ခွင့်ရထားသည့် Rakhine United FC ၊ Shwepyithar FC ၊ Royal Yangon Thet Lon FC ၊ Pharsimyay FC၊ Artharwady FC ၊ Shan FCအသင်းများနှင့်အတူ FIFA-MFF U17 League 2023 လိဂ်ပြိုင်ပွဲအား ဝင်ရောက် ယှဥ်ပြိုင်ခွင့်ရရှိခဲ့သည်။
FIFA-MFF U17 League 2023- 2024 ပြိုင်ပွဲကို ၂၀၂၃ ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၂၄ ဇွန် ၃၀ ရက် အထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။