မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲ ၂၀၂၄ မတ်လ ၃၀ ရက်နေ့တွင် ကျင်းပမည်
January 30, 2024MFF Future Referee Program ဖွင့်ပွဲကျင်းပ
February 28, 2024မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင် အစည်းအဝေး (၁/၂၀၂၄)ကို ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက်(၁၁း၀၀)နာရီက နိုဗိုတယ်ရန်ကုန် မက်စ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် MFF ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်း (ဥက္ကဋ္ဌ၊ဘဏ္ဍာရေးနှင့်ဈေးကွက်ရှာဖွေရေး ကော်မတီ)က အဖွဲ့ချုပ် ငွေစာရင်းနှင့် ပေးရန်ရှိစာရင်းများ ရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်း(အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန)က မြန်မာ အမျိုးသမီး ဘောလုံး အကယ်ဒမီကို မန္တလေးမြို့တွင် တည်ဆောက်ရေး၊ နိုင်ငံတကာအဆင့်မီ ဖူဆယ် လေ့ကျင့်ရေးကွင်း တည်ဆောက်ရေး၊ လက်ရွေးစင် အသင်းများအဆင့်မြင့် လေ့ကျင့်ရေးစင်တာ High Performance Center (HPC) တည်ဆောက်ရေး၊ ဧရာဝတီ ဖောင်ဒေးရှင်း ပံ့ပိုးမှုဖြင့် လေ့ကျင့်ရေးကွင်း (၂)ကွင်း ပြုပြင်တည်ဆောက်ရေး တို့ကို တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်၍ ၂၀၂၄-၂၈ သက်တမ်း အဖွဲ့ချုပ်အလုပ်အမှုဆောင် ရွေးချယ်ရေးနှင့် ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်း(၂၀၂၃) များအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အောင်(ဂိုး)က ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေးကော်မတီက ယခုနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်ဖွဲ့စည်းခဲ့ခြင်းများအား ဆက်လက်တင်ပြခဲ့သည်။
အစည်းအဝေးတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန တို့နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ အခြေခံကျောင်းများအတွက် ဘောလုံးပညာ (FIFA Football For School) အစီအစဉ်ကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် အတူတကွအကောင်အထည်ဖော်ရေးနှင့် လူငယ်များအတွက် နွေရာသီ အခြေခံ ဘောလုံးသင်တန်းများ ဒေသအသီးသီးတွင် ပူးပေါင်းဖွင့်လှစ်နိုင်ရေး တို့အား ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဦးဇော်ဇော်က တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းနိုင်ရေး အတွက် ကူညီဆောင်ရွက်ခဲ့ကြသူများနှင့် မြန်မာ့ဘောလုံး ဖွံ့ဖြိုးရေးအတွက် ကဏ္ဏအသီးသီးမှ ပါဝင်ဆောင်ရွက်နေသူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးအား ရုတ်သိမ်းခဲ့သည်။