မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယနေ မတ်လ ၇ ရက်၊ နံနက်(၁၀း၀၀)နာရီက အာရှဘောလုံး အဖွဲ့ချုပ်၏ AFC Women’s Football Days 2024 အစီအစဉ်မှ Workshop on Women’s Football Development အမျိုးသမီးဘောလုံး ဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲကို အဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် နိုင်ငံတကာ ဆက်ဆံရေးဌာန ဒါရိုက်တာ ဦးစည်သူဝင်းက ဘောလုံးလောက လှုပ်ရှားမှုများတွင် Safeguarding အခန်းကဏ္ဏ ကိုလည်းကောင်း၊ ဆေးဘက်ဆိုင်ရာဌာနမှ ဒေါက်တာ ယုနန္ဒာထွန်းက Gender Equality အခန်းကဏ္ဏကို လည်းကောင်း၊ ဒိုင်ဌာနမှ ဒေါ်ခင်ငြိမ်းချမ်းက AFC Referee Academy မလေးရှားနိုင်ငံတွင် တက်ရောက်နေသည့် အတွေ့အကြုံများကို လည်းကောင်း၊ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်က အမျိုးသမီးဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင် စပ်လျဉ်း၍လည်းကောင်း၊ Grassroots ဌာနမှ ဦးရဲဝင့်သူက AFC Women’s Football Day အစီအစဉ်များကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် သင်တန်းသူ (၆၀)ဦးအား Certificates ပေးအပ်ခဲ့ပြီး အခမ်းအနား ရုတ်သိမ်းခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် AFC Women’s Football Days 2024 အစီအစဉ်များအား မနက်ဖြန် မတ်လ ၈ ရက်၊ နံနက်(၇း၀၀)နာရီ၊ ဗဟန်း မြက်ခင်းတုကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။