AFC WOMEN’S FOOTBALL DAY 2024 အမျိုးသမီး ဘောလုံးပွဲတော်ကျင်းပ

WOMEN’S FOOTBALL DEVELOPMENT WORKSHOP အခမ်းအနားကျင်းပ
March 7, 2024
MFF ELECTION (TERM 2024-2028)တွင် ဝင်ရောက် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ၂၆ ဦး စာရင်း ထုတ်ပြန်ကြေညာ
March 8, 2024

March 8, 2024

အာရှဘောလုံး အဖွဲ့ချုပ် အစီအစဉ် တစ်ရပ်ဖြစ်သည့် AFC Women’s Football Day 2024 အမျိုးသမီး ဘောလုံးပွဲတော်အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး၍ ယနေ့ မနက် (၇)နာရီက ဗဟန်း အားကစားကွင်းတွင် ကျင်းပခဲ့ရာ အခြေခံပညာဦးစီးဌာနမှ ကျောင်းသူ ဦးရေ(၂၅၀)နှင့် ဆရာ/ဆရာမ ဦးရေ(၄၀)တို့ ပါဝင်ဆင်နွဲခဲ့ကြသည်။
နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် ကျင်းပခဲ့သည့် အဆိုပါ အမျိုးသမီး ဘောလုံးပွဲတော်သို့ ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် မိဘများ၊ ဧည့်သည်တော်များနှင့် ကျောင်းသူများ တက်ရောက် ဆင်နွဲခဲ့ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် အမျိုးသမီး ဘောလုံးပွဲတော် အစီအစဉ်များအား ဆက်လက်ကျင်းပခဲ့သည်။ ယင်းနောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကစားသမားများအား အနီအသင်းနှင့် အဖြူအသင်း နှစ်သင်းခွဲကာ သရုပ်ပြခြေစမ်းပွဲ ကျင်းပခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်၍ အခမ်းအနား ရုတ်သိမ်းခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဘောလုံးပွဲတော်များအား အာရှဘောလုံး အဖွဲ့ချုပ်နှင့် ပူးပေါင်း၍ နှစ်စဉ်ကျင်းပလျက်ရှိသည်။