MFF ELECTION (TERM 2024-2028)တွင် ဝင်ရောက် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ၂၆ ဦး စာရင်း ထုတ်ပြန်ကြေညာ

AFC WOMEN’S FOOTBALL DAY 2024 အမျိုးသမီး ဘောလုံးပွဲတော်ကျင်းပ
March 8, 2024
တိုင်းဒေသကြီး/ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များနှင့် MFF တို့ဒေသအလိုက် ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် တွေ့ဆုံဆွေးနွေး
March 16, 2024

March 8, 2024

လာမည့် မတ် ၃၀ ရက် (စနေနေ့)တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲ (၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်ထိ ၄ နှစ်သက်တမ်း) အတွက် ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၂၆) ဦး စာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါသည်။

အဆိုပါရွေးကောက်ပွဲကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)နှင့် အာရှဘောလုံး အဖွဲ့ချုပ်တို့မှ အသိအမှတ်ပြုထားသည့် စည်းမျဉ်းများအတိုင်း ကျင်းပမည်ဖြစ်ပြီး (၄)နှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်နေရာများ ရွေးချယ်ရာတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ – ၁ ဦး၊ ဒုတိယ ဥက္ကဋ္ဌ – ၃ ဦး (အမျိုးသား – ၂ဦးနှင့် အမျိုးသမီး -၁ ဦး)၊ မြန်မာနေရှင်နယ်လိဂ်-၁ (၃) ဦး၊ မြန်မာနေရှင်နယ်လိဂ်-၂ (၁) ဦး၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ (၁) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ (၆) ဦး၊ ဒိုင်ကော်မတီ (၁) ဦး၊ နည်းပြကော်မတီ (၁) ဦး၊ ကစားသမား ကော်မတီ (၁) ဦး၊ အမျိုးသမီးဘောလုံး ကော်မတီ (၁) ဦး၊ စုစုပေါင်း ၁၉ ဦး ရွေးကောက်တင်မြှောက်သွားမည် ဖြစ်ပါသည်။

MFF Election (Term 2024-2028) အတွက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှကိုယ်စားလှယ်လောင်း (၂၆) ဦး ရှိပြီး အဆိုပါစာရင်းအား ယနေ့တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင်က အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ‌အလုပ်အမှုဆောင်ရွေးကောက်ပွဲ(၂၀၂၄-၂၀၂၈)သက်တမ်းအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း

စဉ် အမှုဆောင်ကိုယ်စားလှယ်နေရာ အလုပ်အမှုဆောင် အရေအတွက် လျှောက်ထားသူ ကိုယ်စားလှယ်လောင်း အဖွဲ့အစည်း မှတ်ချက်
ဥက္ကဋ္ဌ
(၁) ဦး
ဦးဇော်ဇော်
ဥက္ကဋ္ဌ
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)
ဒု-ဥက္ကဋ္ဌ (အမျိုးသား)
(၂) ဦး
ဦးပြည့်ဖြိုးတေဇ
ဦးထိပ်ခွန်နောင်မြင့်ဝေ
ဒု ဥက္ကဋ္ဌ -(MFF), ဥက္ကဋ္ဌ (ရန်ကုန်ယူနိက်တက် အက်ဖ်စီ)
ဒု ဥက္ကဋ္ဌ (ရှမ်းယူနိုက်တက် အက်ဖ်စီ)
ဒု- ဥက္ကဋ္ဌ (အမျိုးသမီး)
(၁) ဦး
ဒေါက်တာ ခင်စောဦး
အမျိုးသမီးဘောလုံးကော်မတီဝင်၊ အမျိုးသမီးဘောလုံး ဆေးဘက်ဆိုင်ရာ အကြံပေး
မြန်မာနေရှင်နယ်လိဂ်-၁
(၃) ဦး
ဦးဇော်မင်းသိန်း
ဦးကျော်ဦး
ဦးလှကျော်ဝင်း
ဥက္ကဋ္ဌ (မြန်မာနေရှင်နယ်လိဂ်ကော်မတီ)၊ပူးတွဲပိုင်ရှင် (ရခိုင်ယူနိုက်တက်အက်ဖ်စီ) CEO (ISPE အက်ဖ်စီ) ဥက္ကဋ္ဌ (ရခိုင်ယူနိုက်တက် အက်ဖ်စီ)
မြန်မာနေရှင်နယ်လိဂ်-၂
(၁) ဦး
ဦးထောင်ထာထန်း
ဥက္ကဋ္ဌ (GFA အက်ဖ်စီ)
ဖူဆယ်နှင့်သဲသောင်ပြင် ဘောလုံး
(၁)ဦး
ဒေါက်တာရဲမွန်ထွဋ်
ဦးကြည်မင်းသိန်း
ဦးနိုင်သောင်းထိုက်
ဦးချစ်ထွန်းဝေ
ဦးဝင်းသော်
-ဥက္ကဋ္ဌ (ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီ)
-ဥက္ကဋ္ဌ‌(ဟောင်း)၊ ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီ
-MD၊ VUC FC
-Chairman (ဖူဆယ်ချစ်သူများအသင်း)
-MD၊ Winner Soccer FC
အထက်မြန်မာပြည်
(၃)ဦး
ဦးလအောင်
ဦးမင်းနောင်
ဦးကျော်စွာထွန်း
ဦးစောငြိမ်း
– ဥက္ကဋ္ဌ၊ ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်
– ဥက္ကဋ္ဌ ၊မကွေးတိုင်းဒေသကြီး ဘောလုံး အဖွဲ့ချုပ်
– ဥက္ကဋ္ဌ ၊စစ်ကိုင်းတိုင်းဒေသကြီး ဘောလုံး အဖွဲ့ချုပ်
– ဥက္ကဋ္ဌ ၊ မန္တလေးတိုင်း ဒေသကြီး ဘောလုံး အဖွဲ့ချုပ်
အောက်မြန်မာပြည်
(၃)ဦး
ဦးသင်းမောင်စိုး
ဒေါက်တာထက်ခိုင်ဝင်း
ဦးဝင်းကိုကို
ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဘောလုံး အဖွဲ့ချုပ်
ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဘောလုံး အဖွဲ့ချုပ်
ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး ဘောလုံး အဖွဲ့ချုပ်
ဒိုင်လူကြီး
(၁)ဦး
ဦးလှတင့်
ဦးဝင်းသီဟ
ဦးခင်မောင်ဝင်း
ဖီဖာဒိုင်လူကြီး(ဟောင်း)
ဖီဖာဒိုင်လူကြီး(ဟောင်း)
ဖီဖာဒိုင်လူကြီး(ဟောင်း)
၁၀
နည်းပြဆရာ
(၁) ဦး
ဦးစိုးမြတ်မင်း
မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြ(ဟောင်း)၊ မြန်မာ ယူ၁၉ လက်ရွေးစင် နည်းပြချုပ်(ဟောင်း)
၁၁
လက်ရွေးစင် ကစားသမား
(၁)ဦး
ဦးသီဟစည်သူ
လက်ရွေးစင် ကစားသမား(ဟောင်း)
၁၂
အမျိုးသမီးဘောလုံး အားကစား
(၁)ဦး
ဒေါ်် သိန်းသိန်းအေး
ဖီဖာ ဒိုင်လူကြီး