မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဒိုင်လူကြီး အလုပ် အမှုဆောင် ကိုယ်စားလှယ် ရွေးကောက်ပွဲ ကျင်းပ

တိုင်းဒေသကြီး/ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များနှင့် MFF တို့ဒေသအလိုက် ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် တွေ့ဆုံဆွေးနွေး
March 16, 2024
MFF ELECTIVE CONGRESS 2024 အခမ်းအနား ကျင်းပခြင်းနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ
March 28, 2024

March 25, 2024

၂၀၂၄ – ၂၀၂၈ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဒိုင်လူကြီး အလုပ်အမှုဆောင် ကိုယ်စားလှယ် ရွေးကောက်ပွဲ အခမ်းအနားကို ယနေ့ (မတ် ၂၅) နံနက်ပိုင်းက MFF အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ရွေးချယ်ခံ ကိုယ်စားလှယ် ၃ ဦးနှင့် မဲပေးပိုင်ခွင့်ရှိသည့် ဒိုင်လူကြီးများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့သည်။
အခမ်းအနား အစီအစဉ်အရ ရှေးဦးစွာ ဒိုင်လူကြီး အလုပ်အမှုဆောင် ကိုယ်စားလှယ် ရွေးကောက်ပွဲ စတင်ကြောင်း ကြေညာခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူ ဒိုင်လူကြီး ၃၉ဦး ရှိသည့်အနက် ၃၆ဦး တက်ရောက်ခဲ့သဖြင့် အခမ်းအနား ထမြောက်ကြောင်း အခမ်းအနားမှူးမှ တင်ပြခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းမှ အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အောင်(ဂိုး)မှ ရွေးကောက်ပွဲ လုပ်ထုံး လုပ်နည်းများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်လူကြီး အလုပ်အမှုဆောင် ကိုယ်စားလှယ် ရွေးကောက်ပွဲ စတင်ခဲ့ပြီး မဲပေးခြင်းနှင့်မဲရေတွက်ခြင်းများ ပြုလုပ်ခဲ့ရာ ကိုယ်စားလှယ်လောင်းများဖြစ်သည့် ဦးလှတင့်က ၁၇ မဲ၊ ဦးခင်မောင်ဝင်းက ၁၃မဲ၊ ဦးဝင်းသီဟက ၆ မဲ အသီးသီးရရှိခဲ့သည်။
ယင်းနောက် မဲအများဆုံး ရရှိခဲ့သည့် ဦးလှတင့်အား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဒိုင်လူကြီး အလုပ်အမှုဆောင် ရွေးကောက်ပွဲ အရွေး ချယ်ခံ ကိုယ်စားလှယ်အဖြစ်ကြေညာခဲ့ပြီ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။