၂၀၂၄-၂၀၂၈ သက်တမ်း အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်
March 30, 2024အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဒေသများတွင် TDS Scouting Program ဖြင့် မြန်မာဘောလုံးအကယ်ဒမီ ကျောင်းသားသစ်များ ရွေးချယ် ခေါ်ယူမည်
April 23, 2024မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပသော AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် ရမှတ် လေးမှတ် ရရှိခဲ့သော်လည်း အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ယင်းပြိုင်ပွဲကို ဒုတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး အုပ်စု (က)တွင် ထိုင်း၊ ဗီယက်နမ်၊ တရုတ်အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။
အုပ်စု အဖွင့်ပွဲစဉ်ဖြစ် ဗီယက်နမ် အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရပြီး တစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ် ခဲ့သည်။ ထိုသရေ ရလဒ်သည် မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း အာရှဖလား ပြိုင်ပွဲ သမိုင်းတလျှောက် ပထမဆုံး ရမှတ်ဖြစ်ခဲ့သည်။
အုပ်စု ဒုတိယ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရသော ထိုင်းအသင်းနှင့် ကစားခဲ့ရသော ပွဲစဉ်တွင် ၅-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။
အုပ်စုနောက်ဆုံးပွဲစဉ် အဖြစ်ယှဉ်ပြိုင် ကစားခဲ့ရသော တရုတ်အသင်းနှင့် ပွဲစဉ်တွင်မူ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ အာရှဖူဆယ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံး နိုင်ပွဲ အဖြစ် ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ် သည်။