
MFF COACH EDUCATORS’ SKILL DEVELOPMENT WORKSHOP 2024 ဖွင့်ပွဲ ပြုလုပ်
April 25, 2024
MFF COACH EDUCATORS’ SKILL DEVELOPMENT WORKSHOP 2024 ကျင်းပ ပြီးစီး
April 29, 2024မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင် အစည်းအဝေး (၂/၂၀၂၄)ကို ယနေ့ ဧပြီ ၂၉ ရက် နံနက်ပိုင်းက Novotel Yangon Max ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် ဒေါက်တာခင်စောဦး၊ ဦးပြည့်ဖြိုးတေဇ၊ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ အလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးကျော်စွာထွန်း (အထက်မြန်မာပြည် ကိုယ်စားပြု)၊ ဦးလအောင် (အထက်မြန်မာပြည် ကိုယ်စားပြု)၊ ဦးဝင်းကိုကို (အောက်မြန်မာပြည် ကိုယ်စားပြု)၊ ဦးသင်းမောင်စိုး (အောက်မြန်မာပြည် ကိုယ်စားပြု)၊ ဦးဇော်မင်းသိန်း (မြန်မာ နေရှင်နယ်လိဂ် – ၁ ကိုယ်စားပြု)၊ ဦးလှကျော်ဝင်း (မြန်မာ နေရှင်နယ်လိဂ် – ၁ ကိုယ်စားပြု)၊ ဦးကျော်ဦး (မြန်မာ နေရှင်နယ်လိဂ် – ၁ ကိုယ်စားပြု)၊ ဦးထောင်ထာထန်း(မြန်မာ နေရှင်နယ်လိဂ် -၂ ကိုယ်စားပြု)၊ ဦးစိုးမြတ်မင်း(နည်းပြ ကိုယ်စားပြု)၊ ဦးသီဟစည်သူ(ကစားသမား ကိုယ်စားပြု)၊ ဒေါ်သိန်းသိန်းအေး(အမျိုးသမီးဘောလုံး ကိုယ်စားပြု )၊ ဦးလှတင့်(ဒိုင်ကိုယ်စားပြု)၊ ဦးဝင်းသော် (ဖူဆယ်နှင့်သဲသောင်ပြင် ကိုယ်စားပြု)၊ ဦးသန်းဇော် (MFF ဘဏ္ဍာရေးမှူး )၊ ဦးဘန်နီတင်အောင်( MFF အကြံပေး)၊ ဦးဇော်မင်းစိန် (MFF ဉပဒေ အကြံပေး)၊ ဦးကြည်မင်းသိန်း( ဖူဆယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ)၊ ဦးကျော်စိုးမိုး( အလုပ်အမှုဆောင် အကြံပေးအဖွဲ့ဝင်)၊ ဒေါက်တာသန်းနိုင်စိုး( အလုပ်အမှုဆောင် အကြံပေးအဖွဲ့ဝင်)၊ ဦးကိုကိုဌေး( အလုပ်အမှုဆောင် အကြံပေးအဖွဲ့ဝင်)၊ MFF ခေတ္တအထွေထွေ အတွင်းရေးမှူး ဦးအောင်မျိုးစော၊ မြန်မာ နေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်နှင့် MFF တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစည်သူဝင်းတို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့လက်ရွေးစင် အသင်း တစ်သင်းချင်းစီ အတွက် နှစ်အလိုက် ပြိုင်ပွဲများနှင့် ရည်မှန်းချက်များ၊ ပြင်ဆင်မှုများအား စနစ်တကျပြုစု ထားရှိရေး၊ Scouting အဖွဲ့များ ဖွဲ့စည်းရေး၊ ယူ၁၀၊ ယူ၁၂ ပြိုင်ပွဲများနှင့် Football Festival ဘောလုံးပွဲတော်များအား တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်တွင် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပရေးနှင့် ယင်းမှ တဆင့် ယူ၁၅၊ ယူ၁၇ လိဂ်များအား ပူးပေါင်းကျင်းပရေး၊ ဒေသတွင်း လူငယ်ပြိုင်ပွဲများမှသည် ယူ၁၇၊ ယူ၂၀ နှင့် အိုလံပစ်ပြိုင်ပွဲများ အထိ ရည်မှန်းချက်ထားရှိရေး၊ ထိုသို့ လူငယ်ပြိုင်ပွဲများ ဖော်ဆောင်ရာတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန တို့နှင့် ပူးပေါင်း၍ လမ်းညွှန်ချက်များအတိုင်း ဒေသအသီးသီး ပါဝင်နိုင်ရေးနှင့် အသက်မှန်ကန်မှု ရှိရေးအတွက် စနစ်တကျစိစစ်ရေး၊ အမျိုးသမီး ဘောလုံးအတွက် လိဂ်ပြိုင်ပွဲနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ဖူဆယ်လောကနှင့် ပြိုင်ပွဲများ ပိုမိုတိုးတက်ရေး အတွက် တာဝန်ရှိသူများမှ ပိုမိုအားစိုက်ဆောင်ရွက်ရေး၊ (၅)နှစ် စီမံကိန်းဖြင့် အသင်းများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းများအားလုံး စနစ်တကျဆောင်ရွက်ရေး၊ ပံ့ပိုးရေးအပိုင်း ဖြစ်သည့် မီဒီယာနှင့်ဈေးကွက်ရှာဖွေရေး လုပ်ငန်းများ၊ FIFA, AFC တို့နှင့် ဆက်သွယ်ဆောင်ရွက်ရသည့် လုပ်ငန်းများနှင့် ပရောဂျက်များ၊ ငွေကြေးသုံးစွဲမှုများနှင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု/တာဝန်ခံမှုများ၊ ကစားကွင်းနှင့် အခြေခံအဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းအကောင်အထည်ဖော်ရေး စသည်တို့အား အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ခေတ္တ အထွေထွေ အတွင်းရေးမှူး ဦးအောင်မျိုးစောက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အလုပ်အမှုဆောင်များ ဦးစီး ဆောင်ရွက်ကြမည့် Standing Committee များကို တင်ပြခဲ့ပြီး တက်ရောက်လာသည့် အဖွဲ့ဝင်များ၏ အတည်ပြုချက်များကို ရယူခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းထားပြီး ဖြစ်သည့်အတွက် သက်ဆိုင်ရာဒေသများတွင် MFF နှင့်ပူးပေါင်း၍ လူငယ်ပြိုင်ပွဲများ ကျင်းပပြီး ထိုမှတဆင့် ဒေသအသီးသီးမှ ကစားသမားကောင်းများ ပေါ်ထွက်လာရေး၊ နိုင်ငံလက်ရွေးစင် ကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရေး တို့အားလည်းကောင်း၊ အဖွဲ့ချုပ်မှ ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်(၁)နှင့်(၂)၊ လိဂ်ဖလားပြိုင်ပွဲများ၊ ဖူဆယ်လိဂ်(၁)နှင့်(၂)ပြိုင်ပွဲများ၊ ဖူဆယ်ရှုံးထွက် ပြိုင်ပွဲများ၊ အမျိုးသမီးလိဂ်ပြိုင်ပွဲများ စသည့် ကလပ်ပြိုင်ပွဲ အသီးသီး ပိုမိုတိုးတက်ရေးနှင့် ပြိုင်ပွဲများအား ပရိသတ် စိတ်ဝင်စားမှုရရှိရေး၊ ကလပ်အသင်းများ အင်အားတောင့်တင်းရေးနှင့် ပြိုင်ပွဲများအား မှီခိုနေရသည့် ကစားသမားများအတွက် အာမခံချက်များ ပိုမိုရရှိရေး စသည်တို့အား Stakeholders များအားလုံး ပူးပေါင်း၍ ဆောင်ရွက်ကြရန် တက်ရောက်လာကြည်သည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များက အထွေထွေ ဆွေးနွေးချက်များတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။
အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အဖွဲ့ချုပ် ဥက္ကဋ္ဌက ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံး အဖွဲ့ချုပ် လမ်းညွှန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများ အတွင်းမှဆောင်ရွက်ရေးနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန တို့နှင့်အတူတကွ လက်တွဲ၍ ညီညွတ်မှုဖြင့် အားလုံးပူးပေါင်းဆောင်ရွက်မှသာ မြန်မာ့ဘောလုံးလောက တိုးတက်နိုင်မည် ဖြစ်ကြောင်း နိဂုံးချုပ်စကားတွင် ထည့်သွင်းပြောကြားကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အစည်းအဝေး (၂/၂၀၂၄) အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အလုပ်အမှုဆောင်များ ဦးစီး ဆောင်ရွက်ကြမည့် Standing Committee များ
(ကော်မတီ အဖွဲ့ဝင်များ စာရင်းကို ထပ်မံထုတ်ပြန်ပါမည်)
- FINANCE AND MARKETING COMMITTEE
- LEGAL COMMITTEE
- ORGANIZING COMMITTEE FOR MFF COMPETITONS
- YOUTH COMPETITIONS COMMITTEE
- WOMENS FOOTBALL COMMITTEE
- REFEREES COMMITTEE
- TECHNICAL AND DEVELOPMENT COMMITTEE
- PLAYERS STATUS COMMITTEE
- MEDIA & COMMUNICATIONS COMMITTEE
- FUTSAL AND BEACH SOCCER COMMITTEE
- INFRASTRUCTURE COMMITTEE
- MEDICAL COMMITTEE


















