Media Guideline
May 3, 2024ဖူဆယ်နှင့် သဲသောင်ပြင် အလုပ်အမှုဆောင် အစည်းအဝေး (၁/၂၀၂၄)ကျင်းပ
May 7, 2024မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဒိုင်ကော်မတီ ဒိုင်ဌာနတို့ ပူးပေါင်း ဖွင့်လှစ်မည့် MFF Basic Referee Course 2/2024 ကို မေ ၂၄ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။
အောက်ဖော်ပြပါ အချက်အလက်များနှင့် ကိုက်ညီသူများ အနေဖြင့် မေလ ၆ ရက် (ယနေ့)မှ စတင်၍ မေလ ၂၀ရက် ရက်နေ့ ရုံးချိန်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ ဒိုင်ဌာန (ဖုန်း – ၀၉ ၄၀၂၃၀၂၆၄၀) သို့ ဆက်သွယ်စုံစမ်း လျှောက်လွှာတင်သွင်းနိုင်သည်။
MFF Basic Referee Course 2/2024 သင်တန်းတက်ရန်အတွက် အရည်အချင်းသတ်မှတ်ချက်များ –
၁။ အသက် (၁၈)နှစ်ထက်မငယ်ရ၊ (၃၀)နှစ်ထက်မကြီးရ။
၂။ အနည်းဆုံးအခြေခံပညာအထက်တန်းအဆင့်ရှိသူ ဖြစ်ရမည်။
၃။ ကျန်းမာကြံ့ခိုင်၍ ပြေးလွှားလှုပ်ရှားနိုင်သူဖြစ်ရမည်။
၄။ မျက်မှန်တပ်ဆင်သူမဖြစ်ရ။
၅။ သင်တန်းကာလပြီးဆုံးသည်အထိ မပျက်မကွက် တက်ရောက်နိုင်သူဖြစ်ရမည်။
လက်ခံမည့် သင်တန်းသားဦးရေ – (၃၀) ဦး (ကျား၊မ)
သင်တန်းကာလ- ၇ ရက် (24-30 May 2024)
သင်တန်းလျှောက်လွှာ Download ရရယူရန် Link
https://www.mediafire.com/file/jeucqayx9mhrrt4/MFF+Basic+Referee+Course+2-2024.pdf/file