လူငယ်ဘောလုံး ဖွံ့ဖြိုးရေး၊ အကယ်ဒမီနှင့် လူငယ်ပြိုင်ပွဲများ MFF နှင့် JFA ပူးပေါင်းဆောင်ရွက်ရန် MOU ရေးထိုး
————
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) သည် လူငယ်ဘောလုံး ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အကယ်ဒမီကျောင်းများ ဖွံ့ဖြိုးရေးနှင့် လူငယ်အသင်း ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရေးအတွက် ဂျပန် ဘောလုံး အဖွဲ့ချုပ် (JFA)နှင့် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက် နားလည်မှုစာချွန်လွှာ (MOU)အား ယနေ့ မနက်က လက်မှတ်ရေးထိုးခဲ့သည်။
JFA ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် MOU ရေးထိုးခြင်း အခမ်းအနားသို့ အာရှဘောလုံးအဖွဲ့ချုပ် AFC Senior Vice President ဦးဇော်ဇော် (ဥက္ကဌ၊ MFF) နှင့် ဂျပန် ဘောလုံးအဖွဲ့ချုပ် JFA ဥက္ကဌ Tsuneyasu Miyamoto တို့တက်ရောက် လက်မှတ် ရေးထိုးခဲ့ကြပြီး MOU ကာလ (၃)နှစ် ကနဦး ထားရှိရန် သဘောတူခဲ့ကြသည်။
MOU အရဆောင်ရွက်မည့် အခန်းကဏ္ဌများ
1. Technical Development
2. Referee Development
3. Women’s Football
4. Youth Development
ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးမှုဖြင့် မြန်မာ လူငယ် ယူ၁၂ အသင်းအား ဘာစီလိုနာ၊ ဂျူဗီတပ်စ်၊ ဂျပန်၊ J League လူငယ်ကလပ်များ ပါဝင်ယှဉ်ပြိုင်မည့် ယူ၁၂ နိုင်ငံတကာ ဖိတ်ခေါ် လူငယ်ပြိုင်ပွဲသို့ စေလွှတ် ယှဉ်ပြိုင်မည်ဖြစ်သည်။
Photo : JFA