FIFA-MFF TDS Scouting Program နယ်ဒေသအသီးသီးမှ အကယ်ဒမီတက်ရောက်ခွင့်‌ အောင်မြင်သူများ စာရင်း

တရုတ်ယူ-၂၀နှင့် မြန်မာယူ-၂၀တို့ ခြေစမ်းပွဲ(၂)ပွဲ ယှဉ်ပြိုင်ကစားမည်
May 15, 2024
လူငယ်ဘောလုံး ဖွံ့ဖြိုးရေး၊ အကယ်ဒမီနှင့် လူငယ်ပြိုင်ပွဲများ MFF နှင့် JFA ပူးပေါင်းဆောင်ရွက်ရန် MOU ရေးထိုး
May 22, 2024

May 22, 2024

FIFA-MFF TDS Scouting Program နယ်ဒေသအသီးသီးမှ အကယ်ဒမီတက်ရောက်ခွင့်‌ အောင်မြင်သူများ စာရင်း
💪⚽📚📖🧑‍🤝‍🧑🌿

လူငယ်ဘောလုံး ဖွံ့ဖြိုးရေး နည်းစနစ်ဒါရိုက်တာ ဂျပန်နည်းပြ မစ္စတာ မိတနှင့် ရွေးချယ်ရေး အဖွဲ့များသည် မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ ပဲခူး၊ ပုသိမ် နှင့် ရန်ကုန် မြို့များတွင် မေလ ၄ ရက်မှ စတင်ကာ FIFA-MFF TDS Scouting Program ပဏာမ အဆင့် ၊ အပြီးသတ်အဆင့်ရွေးချယ်ရေး အစီအစဉ်များအား စတင်ခဲ့သည်။

ပဏာမ ရွေးချယ်ရေး အစီအစဉ်များအရ ရန်ကုန်-၄၃၂ဦး၊ မန္တလေး-၃၂၀ ဦး၊ တောင်ကြီး-၁၉၆ ဦး၊ မြစ်ကြီးနား-၁၅၀ ဦး၊ ပုသိမ်-၅၉ ဦး၊ ပဲခူး ၄၈ ဦး စုစုပေါင်း ၁၂၀၅ ဦးလာရောက်ရွေးချယ်ခံခဲ့ကြသည်။ အဆိုပါ လူငယ် ကစားသမားများအား ပဏာမ အဆင့်၊ အပြီးသတ်အဆင့် ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြပြီး‌ ယနေ့တွင် အကယ်ဒမီကျောင်းများ တက်ရောက်ခွင့် ရရှိသူ အောင်စာရင်းအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ပူးတွဲပါအတိုင်း ထုတ်ပြန်ကြေညာ အပ်ပါသည်။

အပြီးသတ် ရွေးချယ်ခံရသည့် ကစားသမားများသည်၂၀၂၄ ပညာသင်နှစ်မှစတင်ကာ မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)တို့တွင်အတန်းပညာနှင့် ဘောလုံးပညာရပ်များအား အခမဲ့ သင်ယူခွင့် ရရှိမည်ဖြစ်ပြီး နိုင်ငံ့ ဂုဏ်ဆောင် လက်ရွေးစင်ကစားသမားများ အဖြစ်လည်းကောင်း၊ ပရော်ဖက်ရှင်နယ် ကစားသမားများ အဖြစ်လည်းကောင်း မိမိအရည်အချင်းနှင့် ကြိုးစားအားထုတ်မှုအပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်းမှုပြုနိုင်မည် ဖြစ်ပါသည်။ အကယ်ဒမီကျောင်းများ အနေဖြင့် သင်တန်းသားများအား အနာဂတ် မြန်မာ့လက်ရွေးစင် အသင်းအတွက် အားထားရသော ကစားသမားကောင်းများ ဖြစ်ပေါ်လာစေရန် စနစ်တကျ ပြုစုပျိုးထောင်ပေးသွားမည် ဖြစ်ပြီး ကျောင်းသားများသည် အကယ်ဒမီကျောင်းများ၏ ချမှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာကာ အတန်းပညာနှင့် ဘောလုံးပညာများအား ဆည်းပူးသင်ယူရမည် ဖြစ်သည်။