မြန်မာ ဘောလုံးအကယ်ဒမီ(မန္တလေး) ကျောင်းသား/မိဘ များနှင့် MFF တွေ့ဆုံ
May 31, 2024Vacancy Announcement
June 7, 2024မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဘောလုံးကွင်းနှင့် အခြေခံ အဆောက်အဦဆိုင်ရာ ကော်မတီ (Infrastructure Committee)၊ ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ(Organizing Committee)၊ လူငယ် ဘောလုံးပြိုင်ပွဲ ကျင်းပရေး ကော်မတီ(Youth Competitions Committee) အစည်း အဝေးများကို ယနေ့ (ဇွန် ၁)ရက်က Novotel Yangon Max ၌ သီးခြားစီ အစဉ်လိုက် ကျင်းပခဲ့သည်။
အစည်းအဝေးများသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဘဏ္ဍာရေးမှူး ဦးသန်းဇော်၊MFF အမှုဆောင်နှင့် လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ အဖွဲ့ချုပ် အမှုဆောင် ကော်မတီဝင်များဖြစ်ကြသည့် ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဦးဝင်းသော်၊ ဦးလှကျော်ဝင်း၊ ဦးသီဟစည်သူ၊ ဦးစိုးမြတ်မင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ခေတ္တ အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစည်သူဝင်း၊ သက်ဆိုင်ရာ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဘောလုံးကွင်းနှင့် အခြေခံအဆောက်အဦ ဆိုင်ရာကော်မတီ
Infrastructure Committee
ရှေးဦးစွာ ဘောလုံးကွင်းနှင့် အခြေခံ အဆောက်အဦ ဆိုင်ရာကော်မတီ (Infrastructure Committee) အစည်းအဝေးကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်းတို့က အသီးသီး အဖွင့်အမှာ စကားပြောကြားခဲ့ပြီးဘောလုံးကွင်းများ ပြုပြင်တည်ဆောက်ရေး၊ MFF Futsal ကွင်း အဲယာကွန်း တပ်ဆင်မှု အခြေအနေနှင့် ဖူဆယ်လေ့ကျင့်ရေးကွင်းများ တည်ဆောက်ရေး၊ အမျိုးသမီး ဘောလုံအကယ်ဒမီ တည်ဆောက်ရေး၊ လေ့ကျင့်ရေးကွင်း ၁ တွင် ပွဲကြည့် ပရိသတ်စင် တည်ဆောက်နေမှု အခြေအနေတို့အား ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်း၊ ဒု- ဥက္ကဋ္ဌ ဦးသန်းဇော်၊ အဖွဲ့ဝင်များဖြစ်သည့် ဦးဇော်မင်းသိန်း၊ ဦးကျော်စိုးမိုး၊ ဦးစောငြိမ်း၊ ဦးကျော်စွာထွန်း၊ ဒေါ်သက်နှင်းစိုး တို့တက်ရောက်ခဲ့သည်။
ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ
Organizing Committee
ဘောလုံးကွင်းနှင့် အခြေခံ အဆောက်အဦဆိုင်ရာ ကော်မတီ အစည်းအဝေး အပြီးတွင် Organizing Committee အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ကော်မတီ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ တို့က အသီးသီး အမှာစကားများ ပြောကြားခဲ့ကြပြီး ဂျပန်အသင်းနှင့် ကစားရမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ပြင်ဆင်ထားမှုများ၊ မြန်မာ့လက်ရွေးစင်အသင်း ကစားရမည့် နိုင်ငံတကာပြိုင်ပွဲများ၊ အမျိုးသား ယူ ၁၆ နှင့် ယူ ၁၉ အသင်းများ ယှဥ်ပြိုင်ရမည့် အာဆီယံ ပြိုင်ပွဲများ စသည်များကို ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ ၊ ဒု- ဥက္ကဋ္ဌ ဦးဇော်မင်းသိန်း ၊ အဖွဲ့ဝင်များဖြစ်သည့် ဦးကျော်ဦး၊ ဦးဝင်းသော်၊ ဦးလှကျော်ဝင်း၊ ဦးသင်းမောင်စိုး၊ ဦးလအောင်၊ ဦးကျော်စွာထွန်း၊ ဦးသီဟစည်သူ တို့တက်ရောက်ခဲ့သည်။
Youth Competitions Committee
လူငယ်ဘောလုံးပြိုင်ပွဲကျင်းပရေး ကော်မတီ
ယင်းနောက် လူငယ်ဘောလုံးပြိုင်ပွဲကျင်းပရေး ကော်မတီ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဦး တို့က အသီးသီးအဖွင့်အမှာ စကား ပြောကြားခဲ့ပြီး လူငယ်ဘောလုံး ပြိုင်ပွဲများ အသက်မှန်ကန်စွာ ကျင်းပနိုင်ရေး၊အမျိုးသမီး ယူ ၁၅ လိဂ် ပြိုင်ပွဲ ကျင်းပရေး၊ အမျိုးသား ယူ ၁၅ နှင့် ယူ ၁၇ ပြိုင်ပွဲများ ပိုမိုကောင်းမွန်စွာ ကျင်းပနိုင်ရေး၊ International School ဘောလုံပြိုင်ပွဲများ ကို လူငယ်ဘောလုံး ပြိုင်ပွဲများနှင့် ချိတ်ဆက် ကျင်းပနိုင်ရေး၊ ဘောလုံးပြိုင်ပွဲများ ကျင်းပရာတွင်အားကစား ဝန်ကြီးဌာနမှ ကျင်းပနေသည့် ပြိုင်ပွဲများ၊ အာဆီယံ၊ အာရှ ပြိုင်ပွဲ Calendar များအား ကြည့်၍ ဆောင်ရွက်သွားရန် စသည်များကို ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဦး ၊ အဖွဲ့ဝင်များဖြစ်သည့် ဦးစိုးမြတ်မင်း၊ ဦးစောငြိမ်း၊ ဦးတင်မောင်စိုး၊ ဦးလအောင်၊ ဦးဝင်းကိုကို တို့ တက်ရောက်ခဲ့ကြသည်။