မန္တလေးနှင့် ရန်ကုန်ရှိ မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီများ၏ ၂၀၂၄-၂၅ ပညာသင်နှစ် စတင်ဖွင့်လှစ်
June 16, 2024မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအား MFF ဒု – ဥက္ကဋ္ဌ ဒေါက်တာ ခင်စောဦး တွေ့ဆုံ အားပေး
June 24, 2024မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အင်ဒိုနီးရှားနိုင်ငံက လက်ခံကျင်းပနေသော ၂၀၂၄ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းကို ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။
မြန်မာယူ-၁၆ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး- ရှိုင်းထက်ကျော်၊ နောက်တန်း အောင်သီဟ၊ စိုင်းမောဝ်ဟန်၊ သီဟအောင်၊ အောင်သော်ခန့်၊ အလယ်တန်း- ခွန်မောင်လုံး၊ စိုင်းစွမ်ဆိုင်၊ သော်ဇင်ကို၊ စွမ်းဇာနည်၊ ရှေ့တန်း- သူရမင်းသန့်နှင့် ညီညီသန့်တို့ ပါဝင်ကစားခဲ့ကြသည်။
အုပ်စု အဖွင့်ပွဲဖြစ်သည်နှင့်အညီ နှစ်သင်းစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာယူ-၁၆ အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၅ မိနစ်တွင် တိုက်စစ်မှူး ညီညီသန့်က သွင်းယူနိုင်ခဲ့သည်။
ပွဲချိန် ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ကစားသမား အပြောင်းအလဲများ ပြုလုပ်ခဲ့ကြပြီး မြန်မာယူ-၁၆ အသင်းတွင် လူစားဝင် ကစားသမားများအဖြစ် ကျော်သီဟ၊ ခန့်ဝင်းအောင်၊ ဉာဏ်အောင်၊ ဘေလားဖုန်ရမ်နှင့် ကျော်ညီညီတို့ ဝင်ရောက် ကစားခဲ့ကြသည်။
မြန်မာယူ-၁၆ အသင်း အနေဖြင့် လူစားလဲမှုများ ပြုလုပ်ပြီးနောက် ဂိုးရရှိရန် အခွင့်အရေးများ ရရှိခဲ့သော်လည်း လွဲချော်ခဲ့သောကြောင့် ကမ္ဘောဒီးယားအသင်း၏ ချေပဂိုးနှင့် အနိုင်ဂိုးကို ခွင့်ပြုခဲ့ရကာ ရှုံးပွဲကြုံတွေ့ခဲ့ရသည်။ ကမ္ဘောဒီးယားအတွက် ချေပဂိုးနှင့် အနိုင်ဂိုးကို ပွဲချိန် ၇၅ မိနစ်နှင့် ၉၃ မိနစ်တွင် တက်ချ်ဒါရိုက သွင်းယူခဲ့ခြင်းဖြစ်သည်။
မြန်မာယူ-၁၆ အသင်းသည် ဇွန်လ ၂၅ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၂း၃၀ နာရီတွင် ဘရူနိုင်းအသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။