၂၀၂၄ အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် ဘရူနိုင်းကို ဂိုးပြတ်အနိုင်ရခဲ့သည့် မြန်မာယူ-၁၆ အသင်း
June 25, 2024TENDER INVITATION
July 4, 2024မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အာဆီယံယူ-၁၆ ပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးပွဲစဉ်တွင် ဗီယက်နမ်ယူ-၁၆ အသင်းကို ၅-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာယူ-၁၆ အသင်းတွင် ပွဲထွက် ကစားသမားများအဖြစ် ဂိုး- ထက်ဝေယံ၊ နောက်တန်း- အောင်သီဟ၊ စိုင်းမောဝ်ဟန်၊ မျိုးခန့်ကျော်၊ ဉာဏ်အောင်၊ အလယ်တန်း- စွမ်းဇာနည်၊ သော်ဇင်ကို၊ ကျော်သီဟ၊ ကောင်းခန့်သူ၊ ရှေ့တန်း- သူရမင်းသန့်နှင့် ညီညီသန့်တို့ ပါဝင်ကစားခဲ့ကြသည်။
မြန်မာယူ-၁၆ အသင်း အနေဖြင့် ဗီယက်နမ် အသင်း၏ တိုက်စစ်ကို ထိန်းချုပ်ပြီး တန်ပြန်တိုက်စစ်ဖြင့် ကစားရန် ပြင်ဆင်ခဲ့သော်လည်း ပွဲချိန်အစောပိုင်း မိနစ်များဖြစ်သော ၁၈’၊ ၂၆’ မိနစ်တွင် ဗီယက်နမ်မှ Nguyen Thai Hoa ၏ သွင်းဂိုးနှစ်ဂိုးကို ခွင့်ပြုခဲ့ရပြီး ပွဲချိန် ၄၁ မိနစ်တွင် တိုက်စစ်မှူး ညီညီသန့်က ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့သည်။
ပွဲချိန် ဒုတိယပိုင်းတွင် မြန်မာယူ-၁၆ အသင်းအတွက် လူစားဝင် ကစားသမားများအဖြစ် ခွန်အောင်ဆန်း၊ ခန့်ဝင်းအောင်၊ မျိုးနန္ဒကျော်၊ ကျော်ညီညီတို့ ဝင်ရောက်ကစားခဲ့ကြသည်။
မြန်မာယူ-၁၆ အသင်း အနေဖြင့် ဗီယက်နမ် အသင်းကို အကောင်းဆုံး တုန့်ပြန်ကစားရန် ကြိုးစားခဲ့သော်လည်း ပွဲချိန် ၆၆’၊ ၇၁’ နှင့် ၈၁’ မိနစ်များတွင် ဗီယက်နမ်ဘက်မှ Bui Duy Dang, Nguyen Thai Hieu နှင့် Nguyen Viet Long တို့က ဂိုးများထပ်မံသွင်းယူခဲ့ကြသဖြင့် ပွဲအပြီးတွင် ဗီယက်နမ်အသင်းက ၅-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာယူ-၁၆ အသင်းသည် ၂၀၂၄ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ၊ အုပ်စု (ခ)တွင် သုံးပွဲကစား၊ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံး၊ ရမှတ် (၃) မှတ် ရရှိပြီး အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။