အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲဝင်ရန် မြန်မာယူ-၁၉ အသင်း ထွက်ခွာ
July 16, 2024Fourth FIFA Football Agent Exam သတင်းထုတ်ပြန်ချက်
August 17, 2024မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် Player Statusကော်မတီနှင့် Finance & Marketing ကော်မတီ အစည်းအဝေးကို သြဂုတ် ၁၄ရက်က Novotel Yangon Max ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ကော်မတီဥက္ကဋ္ဌ ဦးသီဟစည်သူတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် Corporate Affairs and National Teams Department တာဝန်ခံ ဦးရဲဝင်းအောင်က ကစားသမားများ ဆိုင်ရာကိစ္စရပ်များ တင်ပြခြင်း၊ တက်ရောက်လာသူများက အထွေထွေဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက်အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
ထို့နောက် Finance & Marketingကော်မတီ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ကော်မတီ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်၊ ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဦးဇော်မင်းသိန်း၊ ဦးထောင်ထာထန်း၊ ဒေါ်ဇင်ဝါမြင့် ၊ အထွေထွေအတွင်း ရေးမှူး ဦးထွန်းထွန်းအောင်၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစည်သူဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကော်မတီ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Chief Finance Officer ဒေါ်သော်သော်ထွန်းက ငွေစာရင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်း။ ထို့နောက် တက်ရောက်လာသူများက အထွေထွေ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။