AFC/MFF “B” Diploma Coaching Course – Part I နည်းပြသင်တန်း ဖွင့်လှစ်မည်
August 28, 2024မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမျိုးသမီးဘောလုံး ကော်မတီအစည်းအဝေး (၁/၂၀၂၄)ကျင်းပပြီးစီး
August 28, 2024မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ်နှင့်ဖွံ့ဖြိုးမှု ကော်မတီ အစည်းအဝေး (၁/၂၀၂၄)ကို ယနေ့မွန်းလွဲ (၁း၀၀)နာရီက နိုဗိုတယ် ရန်ကုန်မက်စ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ နည်းစနစ်နှင့်ဖွံ့ဖြိုးမှု ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်အောင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမြတ်မင်း၊ အဖွဲ့ဝင်များဖြစ်သည့် ဦးချစ်နိုင်၊ ဦးဇော်လင်းထွန်း၊ ဦးမျိုးမင်းထွန်း၊ ဦးဟန်ဝင်းအောင်၊ ဦးကျော်ဒွန်း၊ ဦးမင်းထွန်းလင်း၊ ဦးသန်းဝဏ္ဏအောင်၊ ဒေါ်သက်သက်ဝင်း၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ နှင့်ဌာနတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် MFF ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ကော်မတီဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ယင်းနောက် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာန တာဝန်ခံများက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နည်းစနစ်နှင့် ဖွံ့ဖြိုးမှုဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုများ၊ မြန်မာ့လက်ရွေးစင် အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများနှင့် အသင်းလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ အမျိုးသား အမျိုးသမီး ယူ၁၇၊ ယူ၁၅ လူငယ်လိဂ်ပြိုင်ပွဲ ပြင်ဆင်မှုများ၊ နည်းပြသင်တန်းများနှင့် ပရိုလိုင်စင်ရရှိရေး ဆောင်ရွက်ချက်များ၊ လက်ရွေးစင်အသင်းများ၏ နည်းပြချုပ်များ ခန့်အပ်တာဝန်ပေးရေး အတွက် လျာထားချက်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ကော်မတီက မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်၊ မြန်မာ အမျိုးသမီး လက်ရွေးစင် (ယူ-၁၇)အသင်း နည်းပြချုပ် လျာထားမှုများအား ဝိုင်းဝန်းဆွေးနွေး၍ အတည်ပြုချက်ရယူခဲ့ကြသည်။ ယင်းနောက် မြန်မာ့လက်ရွေးစင် အသင်း၏ နိုင်ငံတကာ ခြေစမ်းပွဲများအတွက် ညှိနှိုင်းဆောင်ရွက်နေမှုများနှင့် အာဆီယံချန်ပီယံရှစ် ပြင်ဆင်မှုများ၊ မြန်မာ ယူ-၁၉ အသင်း၏ ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ခြင်းနှင့် အာရှယူ-၂၀ ခြေစစ်ပွဲအား ကာဂျစ္စတန်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ရေး ပြင်ဆင်ထားမှုများ၊ မြန်မာ ယူ၁၆ အသင်း၏ ကာတာ လေ့ကျင့်ရေး ခရီးစဉ်နှင့် အာရှယူ၁၇ ခြေစစ်ပွဲသွားရောက်ယှဉ်ပြိုင်ရေး ပြင်ဆင်ထားမှုများ၊ အမျိုးသမီး ယူ၁၉ အသင်း၏ ၂၀၂၅ ခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် အာရှဖလား ယူ၂၀ ခြေစစ်ပွဲ၊ အာဆီယံ ယူ၁၉ ချန်ပီယံရှစ်တို့အတွက် ကြိုတင်ပြင်ဆင်မှုများ၊ ဖူဆယ်လက်ရွေးစင် အသင်းများ၏ အာရှဖူဆယ်ပြိုင်ပွဲများအတွက် ပြင်ဆင်မှုများအား ဝိုင်းဝန်းဆွေးနွေးကာ အဖွဲ့ချုပ်ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့သည်။