မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်နှင့်ဖွံ့ဖြိုးမှု ကော်မတီအစည်းအဝေး (၁/၂၀၂၄)ကျင်းပပြီးစီး
August 28, 2024အာရှခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာယူ-၁၉ အသင်း ထိုင်းနိုင်ငံသို့ ခြေစမ်းခရီးထွက်ခွာ
September 1, 2024မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)၏ အမျိုးသမီးဘောလုံး ကော်မတီအစည်းအဝေး (၁/၂၀၂၄)အား ယနေ့ ညနေ(၃း၀၀)နာရီက နိုဗိုတယ်ရန်ကုန် မက်စ်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အမျိုးသမီးဘောလုံး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်၊ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်စောဦး၊ အဖွဲ့ဝင်များဖြစ်သည့် ဒေါ်သိန်းသိန်းအေး၊ ဒေါ်စံပယ်ထွန်း၊ ဒေါ်ကလျာဇော်၊ ဒေါ်နိုင်ရာမိုး၊ ဒေါ်ဟေနှင်းထက်၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယူကီနှင့် ဌာနတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် MFF ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ကော်မတီဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ယင်းနောက် မြန်မာအမျိုးသမီး လိဂ်နှင့် ပြိုင်ပွဲများ စီစဉ်ဆောင်ရွက်နေမှု၊ ကစားသမား၊ နည်းပြနှင့် ဒိုင်များ ဖွံ့ဖြိုးရေးဆောင်ရွက်မှု၊ အမျိုးသမီး လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများ ပြင်ဆင်ထားရှိမှု၊ ဖူဆယ်အမျိုးသမီးပြိုင်ပွဲများနှင့် လက်ရွေးစင် အသင်းများ ပြင်ဆင်ထားရှိမှု၊ အမျိုးသမီး ဘောလုံးလောကဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သည့် အမျိုးသမီး ဘောလုံး အကယ်ဒမီ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဖွင့်လှစ်ရန်ပြင်ဆင်ထားရှိမှုများ၊ ယူ၁၅ အမျိုးသမီးပြိုင်ပွဲအား တောင်ကြီး၊ မန္တလေး၊ ရန်ကုန် စသည့် ဇုန်(၃)ခုဖြင့် ကျင်းပရေးဆောင်ရွက်နေမှုများ၊ နိုင်ငံတကာပြိုင်ပွဲများ သွားရောက်တာဝန်ထမ်းဆောင်ခြင်းနှင့် ပရိုလိုင်စင် ရရှိရေးဆောင်ရွက်ချက်များအား အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူးနှင့် တာဝန်ခံများက ရှင်းလင်းတင်ပြခဲ့ကြသည်။
တင်ပြရှင်းလင်းချက်များအပေါ် MFF ဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အထွေထွေဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးအား ရုတ်သိမ်းခဲ့သည်။